Friday, September 6, 2013

တိုင်းလွှတ်တော်ဥက္ကဌအိမ်တွင် ပျောက်သွားသည်ဆိုသည့် ရွှေထည်ပစ္စည်းများ မူလနေရာတွင်ပြန်တွေ့၍ ဖမ်းဆီးထားသူများအား ရဲစခန်းမှ ပြန် လွှတ်ပေး

ပုသိမ် ၊ စက်တင်ဘာ ၅ ။ ။ ဧရာဝ တီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်စိုး၏နေအိမ်တွင် ဩဂုတ်လဆန်းပိုင်းက ပျောက် ဆုံးခဲ့သည့် ရွှေထည်ပစ္စည်းများ မှာ မူလထားသည့်နေရာတွင် ပြန် လည်တွေ့ရှိသည်ဆို၍ တိုင်း လွှတ်တော် ဥက္ကဋ္ဌ အိမ်မှ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထားသည့်ရဲ စခန်းမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။ သိန်း၁၂ဝကျော်တန်ဖိုးရှိ အဆိုပါရွှေထည်
ပစ္စည်းများ ပျောက်ဆုံး မှုနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်မိမိလေး က ပုသိမ်မြို့ အမှတ်(၂)နယ်မြေခံရဲစခန်း တွင် အမှုဖွင့်ခဲ့သည့်အတွက် အိမ်အကူမဝေဝေသင်း (ဟင်္သာ တ)၊ ခြံသန့်ရှင်းရေးထွန်းထွန်းစိုး (ကျုံပျော်)၊ ယာဉ်မောင်း ဦးဝေ လွင်သိန်း(ပုသိမ်)တို့သုံးဦးအား ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေး မှု များပြုလုပ်နေဆဲမှာပင် ပျောက် ဆုံးသွားခဲ့သည့် ရွှေထည်ပစ္စည်း များ မူလက ထားရှိခဲ့ပါသည်ဆိုသည့် အိတ်အတွင်း ပြန်လည်တွေ့ရှိခဲ့ သည့်အတွက်ဟုဆိုကာ ပြန်လည် လွှတ်ပေး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်အကူ မဝေဝေသင်းကို ဩဂုတ် ၁၁ရက်ကဖမ်းဆီးခဲ့ပြီး နောက် ဩဂုတ် ၁၆ရက်ညပိုင်း တွင် လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြု ချက်ဖြင့် ထွန်းထွန်းစိုးနှင့် ဦးဝေ လွင်သိန်းတို့နှစ်ဦးကို ဆိုင်ကယ် ဖြင့်တင်၍ ရဲစခန်းသို့ ဖမ်းဆီးသွား ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းလွှတ် တော်ဥက္ကဋ္ဌ၏ ယာဉ်မောင်းဦးဝေ လွင်သိန်းမှ ရန်ကုန်တိုင်းမ်သတင်း စာသို့ ပြောသည်။ ''ဖမ်းပြီးကတည်းက ညနေ ၆နာရီကနေ မနက် ၈နာရီအထိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာစစ်တယ်။ တစ်ညလုံးအိပ်ခွင့်မရဘူး။ အထူး သတင်း တပ်ဖွဲ့တို့၊ ခရိုင်ဒုစရိုက် နှိမ် နင်းရေးအဖွဲ့တို့ဆိုပြီး အဖွဲ့ စုံပဲ လေးရက်လောက် ညတိုင်းအ စစ်ခံရတယ်''ဟု ယာဉ်မောင်း ဦး ဝေလွင်သိန်းကပင် ပြောသည်။

ဩဂုတ် ၂၆ရက် နေ့လယ် ပိုင်းတွင် စခန်းမှူးရဲအုပ်စိန်လင်း မှ ယာဉ်မောင်းဦးဝေလွင်သိန်း ကိုထားရှိရာ အချုပ်ခန်းထဲမှ ၎င်း ၏ရုံးခန်းအတွင်းသို့ခေါ်ယူ၍ ''ရွှေထည်ပစ္စည်းတွေ ကတော့ ပြန်တွေ့ ပြီ။ ပျောက်တယ် ဆိုတဲ့ နေရာမှာပဲ ပြန်တွေ့ တာ။ ပျောက် တုန်းက သွားစစ်ဆေးခဲ့သေးတယ်။ အဲ့ဒီနေရာမှာမရှိပါဘူး။ ဒါကြောင့် ခင်ဗျားတို့ကို ဒီနေ့ပဲပြန်လွှတ် ပေးပါမယ်''ဟု အမှတ်(၂)ရဲစခန်း မှူး ရဲအုပ်စိန်လင်းက ပြော ခဲ့သည် ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌဦး တင်စိုး၏ ယာဉ်မောင်း ဦးဝေလွင် သိန်း၏ တစ်ဆင့်ပြန် လည်ပြော ပြချက်အရ သိရှိရသည်။

''ရွှေထည်ပစ္စည်းပျောက် ဆုံးတဲ့အတွက် သံသယနဲ့အဖမ်း ခံ၊ အစစ်ဆေးခံခဲ့ရပြီးတဲ့နောက် မှာ ပစ္စည်းတွေ က သူတို့နဲ့ပတ် သက်မှုမရှိဘဲပြန်တွေ့တယ်ဆို တော့ အဖမ်းခံရသူတွေမှာစိတ် ပိုင်းဆိုင်ရာ နစ်နာ သလို ဂုဏ် သိက္ခာလည်း ညှိုးနွမ်း မှုဖြစ်နေ ပြီ။ ဒါကိုတာဝန်ရှိတဲ့သူက ကု စားပေးနိုင်မယ် ဆိုရင်တော့ အ ကောင်းဆုံးရပ်တည်မှုလေးတစ် ခုဖြစ်သွားမှာပါ''ဟု ပုသိမ်မြို့မှ ဥပဒေအကျိုးဆောင် တစ်ဦးက သုံးသပ်သည်။

အထက်ပါပျောက်ဆုံးသွား သော ရွှေထည် ပစ္စည်းပြန် တွေ့မှု နှင့် ပတ်သက်ပြီး အိမ်အကူ မ ဝေဝေသင်းကို သုံးရက်စောပြီး ၎င်း၏နေရပ်ကိုပြန်လည်လွှတ် ပေးကာ ခြံသန့်ရှင်းရေး(မာလီ) ထွန်းထွန်းစိုးနှင့် ယာဉ်မောင်း ဦးဝေလွင်သိန်းတို့ကို ထိုနေ့က တရားရုံးတွင်ယူထားသည့်ယမန် ကိုပြန်ဖျက်ရသည်ဆို ညနေ ၄ နာရီခွဲခန့်မှ ပြန်လည်လွှတ်ပေး ခဲ့သည်ဟုသိရကာ အထက်ပါရွှေ ထည်ပစ္စည်းပျောက်ဆုံးမှုနှင့်ပတ် သက်ပြီး ပုသိမ်မြို့အမှတ်(၂)ရဲစ ခန်းတွင် (ပ)၁၂၇/၂၀၁၃ပုဒ်မ (၃၈၁) ဖြင့်ဖွင့်ခဲ့သော အမှုဖြစ် သည်ဟု သိရသည်။

စိုးမိုး
The Yangon Times

0 comments:

Post a Comment