Friday, September 6, 2013

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရေး ထောက်ပံ့ရန် အီးယူနှင့် ဂျာမနီကို ဂျာမန် ဉာဏ်ကြီးရှင်အဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည် တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အလွှာစုံ၊ ကဏ္ဍစုံမှ အင်အားစုအားလုံး ပါဝင်မည့် နိုင်ငံရေး စကားဝိုင်း တစ်ခု ပေါ်ပေါက်လာရေး ဥရောပသမဂ္ဂ (အီးယူ) နှင့် ဂျာမနီတို့က အထောက်အပံ့ပေးရန် ဂျာမန် ဉာဏ်ကြီးရှင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် SWP (The Stiftung Wissenschaft und Politik) - (German Institute for International and Security Affairs) က တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိက အထောက် အပံ့ ပေးနေသည့် ဂျာမနီနှင့် အီးယူအဖွဲ့အစည်းများ အနေနှင့် အင်အား စုအား လုံး ပါဝင်မည့် အမျိုးသားအဆင့် နိုင်ငံရေး စကားဝိုင်းတစ်ခု ဖြစ်ပေါ် လာရန် မြန်မာအစိုးရအပေါ် သံတမန်နည်းလမ်းအရ ဖိအားပေးသင့်ကြောင်ွးှ SWP က စက်တင်ဘာလအတွက် ထုတ်ပြန်သည့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စာတမ်းတွင် ဖော်ပြ ထားသည်။

အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အဓိကကဏ္ဍနှစ်ရပ်ဖြစ်သည့် ဖက်ဒရယ်စနစ် အကောင် အထည်ဖော်ရေးနှင့် အမျိုးသားအ ဆင့် နိုင်ငံရေးစကားဝိုင်းအတွက် အီးယူနှင့် ဂျာမနီတို့ အဓိက အထောက်အပံ့ပြုနိုင်ပြီး ယင်းကဏ္ဍနှစ်ခုကို တစ်ပြိုင်နက် အကောင်အထည်ဖော်ရန် လိုအပ် မည် ဖြစ်ကြောင်း SWP က ဆိုသည်။

လအနည်းငယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အပါအဝင်အဖွဲ့အစည်း အသီးသီးနှင့် မြန်မာနိုင်ငံ အနာဂတ်အရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ပူးတွဲလုပ်ဆောင် သွားမည် ဖြစ်သော်လည်း အစိုးရ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာအနေနှင့် မျက်ခြေပြတ်နေမည် ကို စိုးရိမ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင် ဦးညိုအုန်းမြင့် က ပြောကြားသည်။

အပစ်အခတ်ရပ်စဲသည်ဖြစ်စေ၊ မရပ်စဲသည်ဖြစ်စေ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးရန် အစိုးရက လမ်းဖွင့် ထားပြီး တိုင်းရင်းသား အဖွဲ့အစည်း များကလည်း ယင်းသို့ ဆွေးနွေး နိုင်ရန် ပြင်ဆင်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နိုင်ငံရေး စကားဝိုင်းအတွက် ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ၊ ကျန်တာတော့ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲတွေက တစ်ဆင့်သွားမယ်”ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

ကဏ္ဍစုံဆွေးနွေးပွဲများ လုပ်ဆောင်ရာ၌ တိုင်းရင်းသား အဖွဲ့အစည်းသီးသီး၊ ဘာသာရေး အဖွဲ့အစည်း များနှင့် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်နိုင်မှု ရှိမရှိနှင့် အစိုးရက နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်မှု ရယူလိုသည့် သဘောသက်သက် ရည်ရွယ်ကျင်းပသည့် စကားဝိုင်းမျိုး မဖြစ်စေရန် အီးယူနှင့် ဂျာမနီတို့က စောင့်ကြည့်ရမည် ဖြစ်ကြောင်း SWP က အကြံပြုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံတို့က အဓိကထောက်ပံ့နေပြီး ၂၀၁၃ ခုနှစ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အီးယူက ယူရိုသန်း ၃၀ ကျော် ခွင့်ပြုပြီး ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

0 comments:

Post a Comment