
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်နည်းပညာဖြင့် ပထမဆုံးထုတ်လုပ်ထားသော ခေတ်မီတိုက်ခိုက်ရေး ရဟတ် ယာဉ် ဖြစ်သည့် WZ-10 မှ ဝေဟင်ပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာပစ်လွှတ် နိုင်ခဲ့ပြီး အနိမ့်
ပျံ ဝေဟင်ပစ်မှတ်ကို ကြားဖြတ်
တိုက်ခိုက်နိုင်ခဲ့ကြောင်း သြဂုတ်၂၆ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရသိရသည်။
အဆိုပါ စမ်းသပ်ပစ်ခတ်မှုကို သြဂုတ် ၂၅ ရက်က တရုတ်နိုင်ငံ တောင်ပိုင်း
ကွမ်တုံပြည် နယ် အရှေ့ပိုင်း ပင်လယ်ပြင်၌ ပြုလုပ်သည့် တရုတ်ပြည်သူ့
လွတ်မြောက်ရေး တပ်မတော် မှ လေယာဉ် များ ပါဝင်သော ပစ်ခတ်မှု လေ့ကျင့်စဉ်တွင်
ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါ လေ့ကျင့်ခန်းတွင်
လေတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်စဉ် ခြောက်ခုဖြစ်သည့် လေယာဉ် ပစ်ခတ်ခံရ မှုမှ
ကာကွယ်ခြင်း၊ အနီးကပ် ပစ်ကူပေးခြင်း၊ အထူးတိုက်ခိုက်ရေး လေယာဉ်အား
လေပေါ်တွင် ရပ် တန့်ခြင်း၊ ကြားဖြတ် ပစ်ခတ်ခြင်းနှင့် ဖားခုန်စနစ်ဖြင့်
ရွေ့လျား သွားလာခြင်း စသည့် လေ့ကျင့်ခန်း များ ကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
၎င်း WZ-10 ရဟတ်ယာဉ်ကို တင့်ဖျက် တိုက်ခိုက်ရေး အတွက်
ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က ကွမ်တုံပြည်နယ်
ကျူးဟိုင်မြို့တွင် ကျင်းပသော ကိုးကြိမ်မြောက် တရုတ် အပြည်ပြည် ဆိုင်ရာ
လေယာဉ် နှင့် လေကြောင်း ဆိုင်ရာကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ် အဖြစ်
ထုတ်ဖော် ပြသ ခဲ့ကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment