Tuesday, August 27, 2013

ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ

ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် Yosemite အမျိုးသား ပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့၏ ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးမှု များအား ခြိမ်းခြောက် လျက်ရှိကြောင်း အာဏာပိုင်များက သြဂုတ် ၂၅ ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ တောမီးကြောင့် နိုင်ငံပိုင် မြေဧက ၁၃၃၉၈ဝ လောင်ကျွမ်းခဲ့ပြီး ဖြစ်ကြောင်း Inci  ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၎င်းတောမီးသည် သြဂုတ် ၁၇ရက်က စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းရသည့် အကြောင်း အရင်းအား ယခုတိုင် မသိရ သေးကြောင်း နှင့် မီးသတ်သမား ၂၈ဝဝကျော်သည် ရဟတ်ယာဉ်များ၊ လေယာဉ်များ အသုံး ပြု၍ ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment