နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က လွှတ်တော်၌ ဖြေကြားစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အာဆီယံနိုင်ငံများနှင့်
အပြန်အလှန် ဗီဇာကင်း လွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး နှစ်အတွင်း
လက်မှတ်ရေး ထိုးရန် ဆောင်ရွက် မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးတင်ဦးလွင်က သြဂုတ် ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားသည်။
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား သာမန်နိုင်ငံကူး လက်မှတ်
ကိုင်ဆောင်သူများအတွက် ၁၄ ရက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်
သဘောတူညီချက်ကို ၂၀၀၆ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ ဆက်လက်၍
ကျန်အာဆီယံ နိုင်ငံများနှင့်လည်း သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ
အတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး
နှစ်တွင် လက်မှတ်ရေး ထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ၀န်ကြီးက
ရေဖြူ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး၏ ဗီဇာနှင့်
ပတ်သက်၍ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသည်။
၂၀၁၁ ခုနှစ် ဧပြီမှ ၂၀၁၃ ခုနှစ် မေအထိ နိုင်ငံတကာရှိ မြန်မာသံရုံးများ၊
မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ ရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်
ရုံးများအားလုံး၏ ဗီဇာထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ သိန်းပေါင်း ၂၉၀ ကျော်
ရရှိခဲ့ကြောင်း သိရသည်။
ဗီဇာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်
အမေရိကန်ဒေါ်လာ ၁၁၇၀၀၀၅၇၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ် လာ
၁၄၅၀၄၀၇၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်တွင် ဧပြီမှ မေအထိ အမေရိကန်ဒေါ် လာ ၃၀၁၇၆၇၇
ဖြစ်သောကြောင့် ၂၀၁၁ ခုနှစ် ဧပြီမှ ၂၀၁၃ ခုနှစ် မေအထိ အမေရိကန် ဒေါ်လာ
၂၉၂၂၁၈၀၄ (ယူရို-၂၄၂၂၃၄၉၄) ရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ ဗီဇာထုတ်ပေးခြင်းမှ ရရှိသည့် နိုင်ငံခြားငွေ မျိုးစုံအား
သက်ဆိုင်ရာ ရုံးများမှ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) သို့
သုံးလတစ်ကြိမ် ယူရိုငွေကြေးဖြင့် လွှဲပြောင်းကာ ထိုမှတစ်ဆင့် လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ငွေစာရင်းသို့ ယင်းပမာဏနှင့်
ညီမျှသော ကျပ်ငွေဖြင့် ထပ်မံလွှဲပြောင်းရကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။
''ဗီဇာထုတ်ပေးခြင်းမှ ကောက်ခံရရှိသည့် ငွေများကဲ့သို့ပင် ကောက်ခံရရှိသော
ငွေအားလုံးအား သက်ဆိုင်ရာရုံးများမှ မြန်မာ့နိုင်ငံခြား
ကုန်သွယ်မှုဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေကြေးဖြင့် ပုံမှန် လွှဲပြောင်း
ပေးပို့ပြီး မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် အနေဖြင့် လက်ခံရရှိပါက
ညီမျှသည့် ကျပ်ငွေအား ၀င်ငွေခွန်မှ ကောက်ခံရရှိငွေ အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာန
ငွေစာရင်းသို့ လည်းကောင်း ၊ ထောက်ခံစာ ထုတ်ပေးခြင်းမှ ကောက်ခံရရှိငွေ အတွက်
နိုင်ငံခြားရေး ၀န်ကြီးဌာန ငွေစာရင်းသို့ လည်းကောင်း ၊ နိုင်ငံ ကူးလက်မှတ်
သက်တမ်းတိုးပေးခြင်းနှင့် အသစ် ထုတ်ပေးခြင်းမှ ကောက်ခံရရှိငွေ အတွက်
ပြည်ထဲရေး ၀န်ကြီးဌာန ငွေစာရင်းသို့ လည်းကောင်း ဆက်လက်လွှဲပြောင်း
ပေးလျက်ရှိပါတယ်'' ဟု ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment