Monday, August 19, 2013

ဆီးဂိမ်းအတွက် တစ်ရက်တွင်း ကန်ဒေါ်လာ ခြောက်သိန်း ရရှိခဲ့

၂ရ ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ဘဏ္ဍာ ငွေရှာဖွေရေးကော်မတီသည် ဩဂုတ်လ(၁၈) ရက်နေ့တစ်ရက် တည်းတွင် အမေရိကန် ဒေါ်လာ (၃)သိန်းတန် ပလက်တီနမ် စပွန်ဆာ စာချုပ်နှစ်ခုအား ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။ဘဏ္ဍာငွေရှာဖွေရေး ကော် မတီသည် ယင်းနေ့၌ ''ဒေါ်ဝင်း''အဝတ်အထည်ဖြန့်ချိရေး၊ Blue Mountain အချိုရည်တို့နှင့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ ခြင်း ဖြစ်သည်။

ထိုစပွန်ဆာစာချုပ်များနှင့် ပတ်သတ်၍ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ''ကျွန်တော်တို့ အခုဆိုရင် ဆီးဂိမ်းပြိုင်ပွဲ အတွက် ကုမ္ပဏီ(၁၂)ခုနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါပြီ။ ဒီအထဲမှာ(၁၀)ခုက ပလက်တီနမ်စပွန်ဆာ တွေဖြစ်ပြီး ကျန်တဲ့နှစ်ခုကတေွာ့သို စပွန်ဆာတွေပါ။ စပွန်ဆာရယူတဲ့နေရာမှာ ကျွန်တော် တို့က ပြည်တွင်းနဲ့ ပြည်ပ ကုန်ပစ္စည်းတူနေခဲ့ရင် ပြည်တွင်းကကုန်ပစ္စည်းကို ဦးစားပေးရွေးချယ်ပါတယ်။ ဒါမှလည်း ပြည်တွင်းကကုမ္ပဏီတွေအနေနဲ့ ဆီးဂိမ်းကို အခြေပြုပြီး နိုင်ငံတကာကို ကြော်ငြာသလိုဖြစ်သွားမှာပါ။ ဒီငွေတွေကို ဘယ်လိုနေရာတွေမှာ ပြန်သုံးမယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ ကျွန်တော်တို့က ရရှိတဲ့ငွေအားလုံးကို နိုင်ငံတော်ငွေစာရင်းထဲ ထည့်ပေးရ ပါတယ်။ အဲဒီ့အထဲကမှ ပြန်သုံးတာပါ''ဟု ပြောသည်။

Yangon Media Group

0 comments:

Post a Comment