Tuesday, August 27, 2013

အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့

Photo: အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့
Tuesday, August 27, 2013

ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ်ရကြောင်း မြန်မာရွေ့ပြောင်း
 ကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။ 

“ ကိုယ်ထူ ကိုယ်ထ ဆရာမတွေက ကျပ် (၃)သောင်း ဆိုရင် အစိုးရ ခန့် ဆရာမတွေက (၉)သောင်း တသိန်းနဲ့ ချပေးတယ်။ ပြီးတော့ အခုမှ လာသင်ပေးတယ်။ အရင်က လှည့်မကြည့်ဘူး။ တခါ သူတို့ ဆရာမတွေ အတွက် စားစရိတ်တွေ၊ လမ်းစရိတ်တွေကို ကျေးရွာကနေ ပေးရ သေး
တယ်။ ဆိုတော့ ရှိနေတဲ့ ကိုယ်ထူ ကိုယ်ထ စနစ်တွေကို လာဖျက်တဲ့ သဘောဘဲ ဖြစ်ပါတယ်” ဟု ဆိုပါသည်။  

ထို့အပြင် ကျောင်းချိန်တွင် သင်ကြားနေသော ကရင်စာကို ကျောင်းချိန်
 ပြင်ပပို့ခြင်း၊ သင်ရိုးညွှန်တမ်းကို ချက်ချင်း ပြောင်းခြင်းနှင့် ကိုယ်ထူကိုယ်ထ ဆရာမများကို ထုတ်ပယ် ခြင်းကြောင့် ကျေးရွာတွင် သွေးကွဲ စေခဲ့ ပါသည်။ အစိုးရသည် DKBA အုပ်ချုပ်မှု နယ်မြေတွင် ရှိသော စာသင် ကျောင်းပေါင်း (၃၂) ကျောင်း ရှိသည့် အထဲမှ (၁၀) ကျောင်းကိုသာ ၀န်ထမ်းများ အစားထိုး ခဲ့ခြင်းဖြစ်သည်။

အစိုးရ ပံ့ပိုး ပေးခဲ့သော ပညာ ၀န်ထမ်း များကို စုကလိ၊ အူကလိထ၊ ကနဲလေး၊ ကော်ချဲ၊ သနော်ထ၊ ၀မီးထ၊ တောင်နီ (လေဝေါ်) နှင့် ဆုံဆည်းမြိုင် ကျေးရွာများ ဖြစ်ပါသည်။

ဤသို့ကြောင့် ကျန်ရှိ နေသော ကျောင်းများမှ ကိုယ်ထူကိုယ်ထ ဆရာ၊ ဆရာမ များအား ထိန်းသိမ်းရ ခက်စေ ခဲ့ကြောင်း ဆိုပါသည်။ ဤသို့သော ပြသနာ များကြောင့် DKBA သည် KNU မှ ပညာရေး၊ ကျန်းမာရေး ၀န်ထမ်းများနှင့် အစိုးရ၏ မြ၀တီ ခရိုင် ပညာရေးနှင့် ကျန်းမာရေး မှူးများ ပါဝင်သော အစည်းအဝေး တရပ်ကို ဆုံဆည်းမြိုင် ကျေးရွာတွင် ယနေ့ ကျင်းပခဲ့ပါ သည်။

ယင်းအစည်းအဝေးသို့ ကျေးရွာ လူထုများပါ အင်အား (၈၀) ခန့် တက်ရောက် ခဲ့ပါသည်။ ယင်းအစည်း အဝေးတွင် ပညာရေးနှင့် ပတ်သတ်ပြီး DKBA အပါအ၀င် ဒေသခံ ရပ်မိ ရပ်ဖ များနှင့် ဒေသခံ ဆရာ၊ ဆရာမ များက အောက်ပါ အတိုင်း တောင်းဆို ကြပါသည်။

- ငြိမ်းချမ်းရေး ကာလ ဖြစ်ခြင်းကြောင့် အခြေအနေ နှင့် အချိန်ခါအရ ပညာရေး လိုအပ်ချက် အပေါ် မူတည်ပြီး အစိုးရထံ တင်ပြ တောင်းဆို
သွားမည်။ အစိုးရဖက်မှလည်း ညှိနှိုင်း မှုဖြင့် အကောင် အထည်ဖေါ်
 ဆောင်ရွက်သွားရန်။

- နိုင်ငံတော် ပညာရေး ဌာနနှင့် ဆက်စပ်နိုင်ရန် ကျောင်းတိုင်းတွင် အစိုးရခန့် ဆရာမ ၀န်ထမ်း တစ်ဦးသာ လိုအပ်ပြီး ဒေသခံ ဆရာ၊ ဆရာမများနှင့် လက်တွဲ သွားရန် ဖြစ်သင့်သည်။  

- ကရင် ပညာရေး အဖွဲ့အစည်းရှိ ဒေသခံ ကျောင်း အသီးသီးမှ နှစ်ရှည်လများ သင်ကြားပေးလာခဲ့သည့် ဆရာ၊ ဆရာမ များအား ပညာရေးတန်းတူ အခွင့်အရေး တစ်ရပ် ရရှိ ရေးနှင့် ကရင်စာပေကို
 ကျောင်းချိန် အတွင်းတွင် သင်ကြားခွင့် ရှိသင့် ကြောင်း တောင်းဆို ကြပါသည်။  

ဤတောင်းဆိုချက် များအား အထက်ကို တင်ပြပေးမည်ဟု မြ၀တီခရိုင် အစိုးရ ပညာရေးမှူး များက ပြန်လည် ဖြေကြား ခဲ့ပါသည်။ မြ၀တီခရိုင် ဆုံဆည်းမြိုင် ဒေသရှိ အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးရေးမှု အစီစဉ်သည် ဒေသခံများ နှင့်လက်တွဲ ဆောင်ရွက် ရမည့်အစား ဒေသခံ
များ၏ ကိုယ်ထူကိုယ်ထ စနစ်နှင့် ပူးပေါင်း ပါဝင်မှုကို ပျက်စီး စေခဲ့ကြောင်း DKBA အရာရှိက ဆိုပါသည်။

ဤသို့ကြောင့် အစိုးရမှ ချပေးသော ဖွံ့ဖြိုးမှု အစီစဉ်ကို ပြန်လည် သုံးသပ်နိုင်ရန် ရည်ရွယ် တင်ပြခြင်း ဖြစ်ပြီး လောလော ဆယ်တွင် DKBA ထံ ရောက်ရှိ နေသည့် ဂျပန်နိုင်ငံ နိပွန် ဖေါင်ဒေးရှင်းကိုလည်း တင်ပြ
 ဆွေးနွေးခဲ့ပါသည်။

Phophtaw News Association 
ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ် ရကြောင်း မြန်မာရွေ့ပြောင်းကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။

“ ကိုယ်ထူ ကိုယ်ထ ဆရာမတွေက ကျပ် (၃)သောင်း ဆိုရင် အစိုးရ ခန့် ဆရာမတွေက (၉)သောင်း တသိန်း နဲ့ ချပေးတယ်။ ပြီးတော့ အခုမှ လာသင်ပေးတယ်။ အရင်က လှည့်မကြည့်ဘူး။ တခါ သူတို့ ဆရာမတွေ အတွက် စားစရိတ်တွေ၊ လမ်းစရိတ်တွေကို ကျေးရွာကနေ ပေးရ သေးတယ်။ ဆိုတော့ ရှိနေတဲ့ ကိုယ်ထူ ကိုယ်ထ စနစ်တွေကို လာဖျက်တဲ့ သဘောဘဲ ဖြစ်ပါတယ်” ဟု ဆိုပါသည်။ 

ထို့အပြင် ကျောင်းချိန်တွင် သင်ကြားနေသော ကရင်စာကို ကျောင်းချိန် ပြင်ပပို့ခြင်း၊ သင်ရိုးညွှန်တမ်းကို ချက်ချင်း ပြောင်းခြင်းနှင့် ကိုယ်ထူကိုယ်ထ ဆရာမများကို ထုတ်ပယ် ခြင်းကြောင့် ကျေးရွာ တွင် သွေးကွဲ စေခဲ့ ပါသည်။ အစိုးရသည် DKBA အုပ်ချုပ်မှု နယ်မြေတွင် ရှိသော စာသင် ကျောင်းပေါင်း (၃၂) ကျောင်း ရှိသည့် အထဲမှ (၁၀) ကျောင်းကိုသာ ၀န်ထမ်းများ အစားထိုး ခဲ့ခြင်းဖြစ်သည်။

အစိုးရ ပံ့ပိုး ပေးခဲ့သော ပညာ ၀န်ထမ်း များကို စုကလိ၊ အူကလိထ၊ ကနဲလေး၊ ကော်ချဲ၊ သနော်ထ၊ ၀မီးထ၊ တောင်နီ (လေဝေါ်) နှင့် ဆုံဆည်းမြိုင် ကျေးရွာများ ဖြစ်ပါသည်။

ဤသို့ကြောင့် ကျန်ရှိ နေသော ကျောင်းများမှ ကိုယ်ထူကိုယ်ထ ဆရာ၊ ဆရာမ များအား ထိန်းသိမ်းရ ခက်စေ ခဲ့ကြောင်း ဆိုပါသည်။ ဤသို့သော ပြသနာ များကြောင့် DKBA သည် KNU မှ ပညာရေး၊ ကျန်းမာရေး ၀န်ထမ်းများနှင့် အစိုးရ၏ မြ၀တီ ခရိုင် ပညာရေးနှင့် ကျန်းမာရေး မှူးများ ပါဝင်သော အစည်း အဝေး တရပ်ကို ဆုံဆည်းမြိုင် ကျေးရွာတွင် ယနေ့ ကျင်းပခဲ့ပါ သည်။

ယင်းအစည်းအဝေးသို့ ကျေးရွာ လူထုများပါ အင်အား (၈၀) ခန့် တက်ရောက် ခဲ့ပါသည်။ ယင်းအစည်း အဝေးတွင် ပညာရေးနှင့် ပတ်သတ်ပြီး DKBA အပါအ၀င် ဒေသခံ ရပ်မိ ရပ်ဖ များနှင့် ဒေသခံ ဆရာ၊ ဆရာမ များက အောက်ပါ အတိုင်း တောင်းဆို ကြပါသည်။

- ငြိမ်းချမ်းရေး ကာလ ဖြစ်ခြင်းကြောင့် အခြေအနေ နှင့် အချိန်ခါအရ ပညာရေး လိုအပ်ချက် အပေါ် မူတည်ပြီး အစိုးရထံ တင်ပြ တောင်းဆိုသွားမည်။ အစိုးရဖက်မှလည်း ညှိနှိုင်း မှုဖြင့် အကောင် အထည်ဖေါ်
်ရွက်သွားရန်။
ဆာ
င်

- နိုင်ငံတော် ပညာရေး ဌာနနှင့် ဆက်စပ်နိုင်ရန် ကျောင်းတိုင်းတွင် အစိုးရခန့် ဆရာမ ၀န်ထမ်း တစ်ဦးသာ လိုအပ်ပြီး ဒေသခံ ဆရာ၊ ဆရာမများနှင့် လက်တွဲ သွားရန် ဖြစ်သင့်သည်။ 

- ကရင် ပညာရေး အဖွဲ့အစည်းရှိ ဒေသခံ ကျောင်း အသီးသီးမှ နှစ်ရှည်လများ သင်ကြားပေးလာခဲ့သည့် ဆရာ၊ ဆရာမ များအား ပညာရေးတန်းတူ အခွင့်အရေး တစ်ရပ် ရရှိ ရေးနှင့် ကရင်စာပေကို ကျောင်းချိန် အတွင်းတွင် သင်ကြားခွင့် ရှိသင့် ကြောင်း တောင်းဆို ကြပါသည်။ 

ဤတောင်းဆိုချက်များအား အထက်ကို တင်ပြပေးမည်ဟု မြ၀တီခရိုင် အစိုးရ ပညာရေးမှူး များက ပြန် လည် ဖြေကြား ခဲ့ပါသည်။ မြ၀တီခရိုင် ဆုံဆည်းမြိုင် ဒေသရှိ အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးရေးမှု အစီစဉ်သည် ဒေသခံများ နှင့်လက်တွဲ ဆောင်ရွက် ရမည့်အစား ဒေသခံများ၏ ကိုယ်ထူ ကိုယ်ထ စနစ်နှင့် ပူးပေါင်း ပါဝင်မှုကို ပျက်စီး စေခဲ့ကြောင်း DKBA အရာရှိက ဆိုပါသည်။

ဤသို့ကြောင့် အစိုးရမှချပေးသောဖွံ့ဖြိုးမှုအစီစဉ်ကို ပြန်လည်သုံးသပ်နိုင်ရန် ရည်ရွယ် တင်ပြခြင်း ဖြစ် ပြီး လောလောဆယ်တွင် DKBA ထံ ရောက်ရှိ နေသည့် ဂျပန်နိုင်ငံ နိပွန် ဖေါင်ဒေးရှင်းကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါသည်။

Phophtaw News Association

0 comments:

Post a Comment