Tuesday, August 27, 2013

ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်

Photo: ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်
Tuesday, August 27, 2013

ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသားများ ကျောက်မျက်အတုများ
 ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း
အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။

“အသင်းသားတွေ ပါမပါတော့ မသိဘူး။ အသင်းသားတွေထဲမှာလဲ ဒီလိုမျိုးတစ်ခါမှတော့ မလုပ်ဖူးပါဘူး။ ဒါက သတိပေး ပြောဆိုတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောက်မျက်အတု ရောနှောရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမည်ဟု ကနဦး စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်မှာ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကျော်ဌေးက ပြောဆိုသည်။

“စစ်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးက ဆိုင်တွေအကုန်လုံးကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အသင်းသားထဲက လုပ်တယ်ဆိုရင်တော့ အသင်းက ထုတ်မှာပါ။ ဒါကအသင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်” ဟု ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြား
သည်။

အဆိုပါ ကျောက်မျက်ဈေးကွက်အတွင်း အတုများ ရောနှောရောင်းချမှု
သည် ကျောက်မျက်ဈေးကွက်အတွင်း ၂၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ဦးကျော်ဌေးက သုံးသပ်ပြောကြားသည်။

ယင်းသို့ ရောင်းချမှုများသည် ဆက်တိုက် မဖြစ်သော်လည်း ရံဖန်ရံခါ ဖြစ်
တတ်သော အမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကို ၂၀၀၉ ခုနှစ်
မှစ၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ အသင်းသားဦးရေ ၆၀၀၀ ခန့် ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice Weekly
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက် မျက်အတုများ ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေး မှူး ဦးကျော်ဌေးက ပြောကြားသည်။

“အသင်းသားတွေ ပါမပါတော့ မသိဘူး။ အသင်းသားတွေထဲမှာလဲ ဒီလိုမျိုးတစ်ခါမှတော့ မလုပ်ဖူးပါဘူး။ ဒါက သတိပေး ပြောဆိုတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောက်မျက်အတု ရောနှောရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမည်ဟု ကနဦး စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်မှာ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကျော်ဌေးက ပြောဆို သည်။

“စစ်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးက ဆိုင်တွေအကုန်လုံးကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အသင်းသားထဲက လုပ်တယ်ဆိုရင်တော့ အသင်းက ထုတ်မှာပါ။ ဒါကအသင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်” ဟု ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြားသည်။

အဆိုပါ ကျောက်မျက်ဈေးကွက်အတွင်း အတုများ ရောနှောရောင်းချမှုသည် ကျောက်မျက်ဈေးကွက် အတွင်း ၂၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ဦးကျော်ဌေးက သုံးသပ်ပြောကြားသည်။

ယင်းသို့ ရောင်းချမှုများသည် ဆက်တိုက် မဖြစ်သော်လည်း ရံဖန်ရံခါ ဖြစ်တတ်သော အမှု များ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကို ၂၀၀၉ ခုနှစ်မှစ၍ စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ အသင်းသားဦးရေ ၆၀၀၀ ခန့် ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment