Thursday, July 11, 2013

(၄၄) ရပ်ကွက် ပလပ်မြေပေါ်ရှိနေအိမ်များ လတ်တလောဖယ်ရှားရန် အစီအစဉ်မရှိ

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၄) ရပ်ကွက်ရှိ ပလပ်မြေများပေါ်ရှိ
နေအိမ်များ ဖယ်ရှားရှင်းလင်းရန် လတ်တလောအစီအစဉ် မရှိသေး
ကြောင်းနှင့် ယင်းနေအိမ်များကို ခြောက်လ ဆက်လက်နေထိုင်ခွင့်
ပြုမည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်ဟူသော
သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း မြို့နယ်စည်ပင်
သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ အဲဒီလိုရက်သတ်မှတ်ပေးလို့ မရပါဘူး။ ဘာဆက်
လုပ်ရမယ်ဆိုတာ အထက်က ညွှန်ကြားချက် စောင့်နေတုန်းပါပဲ။ အားလုံးကို အဆင်ပြေပြေ ဖြစ်စေချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းနေထိုင်သူများသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့ကွက်
သစ်စတင် ဖော်ဆောင်ကတည်းက နေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း၊ စီမံချက်ဖြင့် ဒဂုံမြို့သစ် တစ်မြို့နယ်လုံးရှိ ကျူးကျော်
အိမ်ရာများကို ဖယ်ရှားမည်ဆိုပါက လိုက်နာမည် ဖြစ်ကြောင်း ပလပ်မြေများပေါ်တွင် နေထိုင်လျက်ရှိသူများက The Voice သို့ တညီတညွတ်တည်း ပြောကြားသည်။

“အခုလို ကျွန်တော်တို့ တစ်ရပ်ကွက်တည်းကို ရွှေ့ခိုင်းတာကတော့ မဖြစ်သင့်ပါဘူး။ နိုင်ငံတော်သမ္မတနဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်း ၁၀ ခုဆီကို စာပို့ထားပါတယ” ဟု ၎င်းတို့က ဆိုသည်။

အဆိုပါနေအိမ်များသည် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ မူးယစ်ရမ်းကားခြင်း
၊ ရပ်ကွက်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် တရားဥပဒေ စိုးမိုးရေး
တို့ကို မလိုက်နာခြင်းတို့ကြောင့် ဖယ်ရှားပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရန်ကုန်မြို့တော်ဝန်ထံ တင်ပြခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက နေအိမ် ၃၁ လုံးတွင် သတိပေးစာများ လိုက်လံကပ်ခဲ့ကြောင်း ယင်းသတိပေးစာတွင် ဇွန်လ ၂၇ ရက်နေ့တွင် စတင်ပြောင်းရွှေ့ပေးရမည်ဟု ပါရှိကြောင်း ယင်းရပ်ကွက်မှ စုံစမ်း သိရှိရသည်။

The Voice Weekly
Photo: (၄၄) ရပ်ကွက် ပလပ်မြေပေါ်ရှိနေအိမ်များ လတ်တလောဖယ်ရှားရန် အစီအစဉ်မရှိ
Thursday, 11 July 2013 

0 comments:

Post a Comment