ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီးနှင့် ရန်ကုန်-ပြည် လမ်းမကြီးဆုံရာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့တွင် ခုတင် ၂၀၀ ဆံ့ဆေးရုံကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် တောင်းခံကာ စတင်ဆောက်လုပ်သွားရန် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ဆေးရုံဆောက်လုပ်ရန် မြေနေရာနှစ်ခု ရွေးချယ်ထားသည့်အနက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့ ရွေးချယ်ထားသော နေရာသည် ပညာရေးဝန်ကြီးဌာနပိုင်နေရာဖြစ်နေသည့်အတွက် နေရာအတည်အကျ မရွေးချယ်နိုင်သေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထို့အပြင် လူဦးရေ များပြားသော ရွှေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တို့နှင့် ဆက်စပ်သော မြို့နယ်တို့မှ အရေးပေါ်လူနာများ အချိန်တိုအတွင်း ကုသနိုင်ရန် ဆေးရုံတစ်ခု လိုအပ်သောကြောင့် ယင်းဆေးရုံကို ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဇူလိုင်လ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြော
ဆိုသည်။
ယင်းဆေးရုံ အနီးတစ်ဝိုက်ရှိ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် လူဦးရေ တစ်သန်းနီးပါး နေထိုင်ကြသောကြောင့် ၎င်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရေးပေါ် လူနာပိုင်း ကုသရေးတို့အတွက် ဆေးရုံဆောက်လုပ်ပေးရန် မင်္ဂလာဒုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဇူလိုင်လ ၄ ရက်နေ့တွင်
ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းခဲ့သည်။
The Voice Weekly
Thursday, July 11, 2013
ထောက်ကြန့် ခုတင် ၂၀၀ ဆံ့ဆေးရုံ လာမည့်ဘဏ္ဍာနှစ် စဆောက်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment