မိတ္ထီလာမြိုကပေါ်ရှိ အစ္စလာမ် ဘာသာဝင်များ ၀တ်ပြုဆုတောင်းရန် ရတနာမာရ်အောင် ရပ်ကွက်အတွင်းရှိ ဘင်္ဂလိဗလီ၊ နန်းတော်ကုန်း ရပ်ကွက်အတွင်းရှိ ချမ်းအေးသာယာ ဗလီနှင့် ကန်တော်မင်ရှိ တူရိကိဗလီတို့အား ဇူလိုင် ၁၀ ရက်မှ စတင်ပြီး ပြန်လည်ရှင်းလင်း အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနေ့ကစပြီး အစ္စလာမ် ဘာသာဝင်တို့ရဲ့ ဥပုသ်လ စ၀င်ရပါမယ်။ အခု အသုံးပြုခွင့်ပေးတဲ့ ဗလီတွေကို စရှင်းနေပါပြီ။ အစ္စလာမ်ဘာသာရေး ထုံးစံအတိုင်း တစ်ရက်ကို နေ့စဉ်ငါးကြိမ် ဘုရားရှိခိုး ရပါမယ်။ ဥပုသ်လမို့ ည ၈ နာရီကျော်ကနေ ည ၁၀ နာရီလောက်ထိ ၀တ်ပြုဆုတောင်းတာ ရှိပါတယ်။ ဥပုသ်လ ညပိုင်းဝတ်ပြု ဆုတောင်းတာကို နည်းနည်းအချိန်လျှော့ပြီး ည ၉ နာရီခွဲအပြီး ည ၁၀ နာရီ အိမ်အရောက်ပြန်ဖို့ စီစဉ်ထားပါတယ်။ မနေ့ကစပြီး ညမထွက်ရ အချိန်ကို ည ၉ နာရီကနေ ည ၁၀ နာရီထိ တစ်နာရီ နောက်ဆုတ်ပေးထားလို့ ဥပုသ်လ၀င်ရတာ အဆင်ပြေမှာပါ။ မိတ္ထီလာမြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင် သုံးသောင်းကျော်လောက် ရှိမယ်ခန့်မှန်းပါတယ်။ အခြေအနေ အချိန်အခါအရ အသံချဲ့စက် သုံးဖို့တော့ အစီအစဉ် မရှိပါဘူး" ဟု နန်းတော်ကုန်း ရပ်ကွက်တွင် နေထိုင်သူ အစ္စလာမ်ဘာသာ ၀င်တစ်ဦးက ပြောကြားသည်။
မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော သုံးရက်ကြာ အကြမ်းဖက်မှုများကြောင့် အိမ်ခြေပေါင်း ၁၅၉၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဗလီ ၁၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ချမ်းအေးသာယာ နယ်မြေအတွင်းရှိ ဗလီအား ဇူလိုင် ၁၀ ရက်က ပြန်လည်ရှင်းလင်းမှု ပြုလုပ်နေစဉ်။ (ဓာတ်ပုံ-၀ဏ္ဏ(မိတ္ထီလာ))
Eleven Media Group
0 comments:
Post a Comment