Thursday, July 11, 2013

ဆက်သွယ်ရေးတင်ဒါအောင်ကုမ္ပဏီ၂ခုကို ကတိ အတိုင်းဖေါ်ဆောင်စေ ရန် ငွေ အပေါင်ယူထား

ဆက်သွယ်ရေးတင်ဒါအောင် Telenor Mobile Communication နှင့် Ooredoo ကုမ္မဏီတို့ တင်ဒါတင်တွင်းစဉ်က က တိ အတိုင်းဖေါ်ဆောင်
စေရန်အတွက် ငွေ အပေါင် ယူထားကြောင်း ဆက်သွယ်ရေး ပြည်ထောင်စု ဒုတိ ယ၀န်ကြီးဦးသောင်းတင်ကပြောသည်။

တင်ဒါအောင်သည့် အတွက် ကုမ္မဏီတစ်ခုကို လောလောဆယ် ဒေါ် လာ ၂၅သန်းစီနှင့် ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်ပြီး လုပ်ငန်းလိုင်စင် ချပေး သည့် အခါတွင် ဒေါ်လာ သန်း ၂၀၀ စီ
အပေါင်တင်ထားရမည်ဟုဝန်ကြီးကထပ်လောင်းပြောသည်။

ယင်းကုမ္မဏီများ စာချုပ် အတိုင်းဖေါ်ဆောင်နိုင်ခြင်း မရှိပါက ကတိပြ
ုထားသည့် အပိုင်းအလိုက် အဆိုပါ အပေါင်းငွေများထဲက ခုနှိမ် ဒဏ်တပ်သွားမည်ဟု ၄င်း ကဆက်လက်ရှင်းပြသည်။

မြန်မာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ၊
ဆက်သွယ်ရေးအော်ပရေတာ အောင်မြင်ထားသော
Telenor Mobile Communication နှင့် Ooredoo ကုမ္မဏီ တို့ ပူးပေါင်း၍
နေပြည်တော်ရှိ ဆက်သွယ်ရေး ၀န်ကြီးဌာနရုံးတွင် ဇူလိုင်၁၀ရက်ညနေ ၅း၀၀ နာရီက၎င်းတို့ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

စိုင်းနောင်
Popular Myanmar News Journal
Photo: ဆက်သွယ်ရေးတင်ဒါအောင်ကုမ္ပဏီ၂ခုကို ကတိ အတိုင်းဖေါ်ဆောင်စေ ရန် ငွေ အပေါင်ယူထား

0 comments:

Post a Comment