မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တက္ကသိုလ်ပေါင်း ၁၆ဝကျော် ရှိနေပြီး တက္ကသိုလ် အသီးသီးသည် ဝန်ကြီးဌာန အသီးသီးအောက်တွင် တည်ရှိနေကာ လွတ်လပ်သည့် တက္ကသိုလ် အုပ်ချုပ်မှု အဖွဲ့အစည်းများ မရှိခြင်း၊ လွတ်လပ်သည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များ မရှိခြင်း၊ သုတေသနကို အခြေခံသည့် ပညာရေးစနစ်များ မရှိခြင်းတို့ကြောင့် တက္ကသိုလ်များ၏ လက်ရှိ ပညာရေးစနစ်ကို ပြောင်းလဲရမည် ဖြစ်သည်ဟု ပညာရေးဆိုင်ရာ ပညာရှင်များက ဆွေးနွေးမှုများ ရှိခဲ့ကြသည်။
အဝေးသင် တက္ကသိုလ် အပါအဝင် တက္ကသိုလ် အသီးသီး ၏ ပညာရေး စနစ်များသည် များစွာနိမ့်ကျနေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့ပြီး ဘွဲ့ရ အများစုသည် အရည်အချင်း ပြည့်မီခြင်း မရှိသည့် ပညာရေးစနစ်၏ သားကောင်အဖြစ် ရှုမြင်မှုများ ရှိနေခြင်းအပေါ် ဝါရင့် အငြိမ်းစား ပါမောက္ခတစ်ဦးက ယနေ့ တက္ကသိုလ်များတွင် မဖြစ်မနေ ကျင့်သုံးနေကြရသည့် သင်ကြားမှုနှင့် သင်ယူမှုပုံစံ၊ လက်တွေ့ လူမှုဘဝတွင် တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် ပညာများကို အသုံးမချနိုင်သည့် အုပ်ချုပ်ရေး ယန္တရား၏ အံချော်မှုကိုလည်း ထည့်တွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ''ကျွန်တော်တို့ဆီမှာ တက္ကသိုလ်တွေ အားလုံး ပထမနှစ်က စပြီးတော့ အင်္ဂလိပ်လို သင်ကြားရတဲ့ စနစ်ကို၁၉၈၅ ခုနှစ်လောက်က စတင်ခဲ့ကြပါတယ်။
အဲဒီကတည်းက စပြီးတော့ သင်ကြားမှုနဲ့ သင်ယူမှုပုံစံဟာ ယနေ့အထိအသား ကျနေတဲ့ ပုံစံတစ်ခုကို ကူးပြောင်း ရောက်ရှိသွားခဲ့တယ်။ အဲဒီအချိန် မတိုင်ခင်တုန်းက ဆိုရင် သင်ကြား ပို့ချတဲ့ ဆရာ၊ ဆရာမ တွေဟာ လက်တန်း ပို့ချသွားတာ ဖြစ်သလို သင်ယူတဲ့ တပည့်တွေကလည်း မှတ်စု စာရွက်စာတမ်း ဝယ်စရာမလို၊ ဆရာ့ထံက တောင်းယူစရာ မလိုဘဲ မိမိရဲ့ပင်ကို ဥာဏ်စွမ်း၊ ကိုယ်ပိုင်မှတ်စုများနဲ့ သင်ယူရတာ ဖြစ်တယ်။ ဒါကြောင့်ပြဋ္ဌာန်း တဲ့စာများရဲ့ အဆီအနှစ်ကို ကိုယ်တိုင် ထိုးထွင်း သိရှိ သဘောပေါက် နားလည်အောင် လုပ်ရတာ ဖြစ်ပါတယ်။ တစ်ခါ တက္ကသိုလ် အသီးသီးက မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရ အရေအတွက်နဲ့ ညီညွတ် မျှတမှုရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်း ဟာလည်း တစ်ဆက်တည်းမှာ ရှိတဲ့အတွက် လက်တွေ့ နယ်ပယ်အထိ မိမိရဲ့ ထိုးထွင်းအသိကို ယူသွားနိုင်တာ ဖြစ်ပါတယ်။
နောက်ပိုင်းကျတော့ သင်ကြားပို့ချတဲ့ဆရာ၊ ဆရာမများကလည်း မိမိတို့ သင်ကြားရမယ့် အကြောင်းအရာကို သင်ယူသူတွေ ဘယ်လို နားလည်အောင် ပြောရမလဲ ဆိုတာထက် ဒီစာထဲက အင်္ဂလိပ်လို ရေးထားတဲ့စာကို ငါ့ကျောင်းသား အလွတ်ကျက်နိုင်အောင်၊ ဘယ်ပုံဘယ်နည်းနဲ့ ဘာသာပြန်ပေးနိုင်ရင် ကောင်းမလဲဆိုတာ ဖြစ်လာတယ်။ ကျောင်းသား ကလည်း ဒီပြဋ္ဌာန်း စာအုပ်ထဲက စာပိုဒ်တွေကို ငါတို့ အလွတ်ကျက်နိုင်အောင် နားလည်အောင် သင်ပေးတဲ့ ဆရာနဲ့မှ အဆင်ပြေမယ် ဖြစ်လာရော။ စာရဲ့သဘောကို ထိုးထွင်းနိုင်ဖို့ထက် ဒီစာရဲ့ အကြောင်းအရာကို သိအောင် လုပ်နေရတာ ဖြစ်လာတယ်။ ပြီးတဲ့အခါ ဘွဲ့ရတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အာမခံချက်က ဘာမှမပေးနိုင်ဘူး။ ကြုံရာတွေ ဝင်လုပ်ရတဲ့ အခါကျတော့ လူညံ့တွေ ချည်းမွေးထုတ်တဲ့ ပညာရေး စနစ်ကြီးလို ဖြစ်သွားတယ်'' ဟု
Read More >>http://www.myawady.com.mm/library/stories/storiesforall/item/19091-2013-07-10-10-07-12
မြ၀တီ
0 comments:
Post a Comment