'မိုနိုပိုလီ' တစ်ကိုယ်တော်စီးရီး နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင် အမာရရှိထားသူဖြစ်တဲ့ မိစန္ဒီက ဒု တိယတစ်ကိုယ်တော်အခွေ အတွက်သီချင်းတွေ ရေး ဖြစ်နေရာ သီချင်း ၃ပုဒ်ရေးပြီး သွားပြီလို့ ဆိုပါ တယ်။
ဒုတိယစီး ရီးရဲ့ ခေါင်းစဉ်က 'ပစ်တိုင်းထောင်' လို့ နာမည်ပေးထားကြောင်း မိစန္ဒီ က "ညီမဒုတိယခွေtitle ကိုတော့ 'ပစ် တိုင်းထောင်'
လို့နာမည်ပေးထားတယ်။ အဲဒီသီချင်းကို ညီမကိုယ်တိုင် ရေး ထားတဲ့
သီချင်းလေးဖြစ်တယ်။ အဲဒီ သီချင်းလေးရဲ့ အဓိပ္ပာယ်က ဘဝအကြောင်းရေးထားတာပါ။
အခု လောလော ဆယ်တော့ သီချင်း ၃ ပုဒ်ပဲရှိသေးတယ်။ ဒီဒုတိယစီးရီး မှာ
ညီမကိုယ်တိုင်ရေးထားတဲ့သီချင်း တွေ တစ်ဝက်ကျော်လောက်ပါမှာပါ" လို့
ပြောပါတယ်။
ပထမဦးဆုံးတစ်ကိုယ်တော်စီး ရီးဖြစ်တဲ့ 'မိုနိုပိုလီ' က
ပရိသတ်တွေ ကြားမှာအောင်မြင်မှု ရရှိထားတဲ့ အတွက် ဒုတိယစီးရီး 'ပစ်တိုင်း
ထောင်' ကိုပရိသတ်အားပေးမှု လျော့ မသွားအောင်ဘာတွေ ပြင်ဆင်သွား
မလဲဆိုတာနဲ့ပတ်သက်ပြီး မိစန္ဒီ က "အခုထွက်မယ့် ဒုတိယ စီးရီးက
လူငယ်ပိုဆန်သွားမယ်။ အရင်ခွေ ထက်စာရင်တော့ အတွေ့အကြုံအရ
နည်းနည်းလေးပိုသိလာတယ်။ ပထမ ခွေကအောင်မြင်ခဲ့တဲ့အတွက် ဒုတိယ ခွေမှာ
တာဝန်ပိုကြီး သွား တယ်။ ဒုတိယခွေ ကို ပရိသတ်တွေ ပိုလက်ခံပြီး အရင်ခွေထက်
ပိုကြိုက် အောင် လုပ်သွားမယ်။ အခုသီချင်း ရေးတာကအစ တာဝန်ကြီးတယ်"
လို့ပြောပါတယ်။
တွယ်တာ
Popular Journal
0 comments:
Post a Comment