Thursday, July 25, 2013
မင်္ဂလာကမ်းလှမ်းစကားပြောပြီး ပြန်လာသည့်ယာဉ်မှောက်မှု နှစ်ဦးသေ ၁၄ ဦး ဒဏ်ရာရ
ပခုက္ကူမြို့နယ် ကံလှကျေးရွာသို့ မင်္ဂလာစကားပြောပြီး ပေါက်မြို့နယ်ရေပြာ သို့ ပြန်လာသည့် ယာဉ်မောင်းဇော်နိုင်ထွန်း မောင်းနှင်သော ဂျစ်ခါးရှည် အစိမ်းရောင်ယာဉ်သည် အရှိန်းမထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ သွားရောက်သည့် ရပ်မိရပ်ဖဖြစ်သူ ကံမမြို့ မြို့မရပ်နေ ဦးစန်းဦး (၅၅ နှစ်) သည် ဦးခေါင်းနှောက်စေ့ပွင့်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းနှင့် နှမတော် စပ်သူ ညောင်းဝန်းကျေးရွာနေ ဒေါ်စန်းဌေး (၅၂ နှစ်) သည် ခါးရိုးကျိုးဒဏ်ရာဖြင့် ကံမဆေး ရုံ ရောက် ချိန်တွင် သေဆုံးသွားကြောင်း ကံမတိုက်နယ်ရဲစခန်း၏ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment