ထပ်မံရောင်းချမည့် ကျပ်တစ် ထောင့်ငါးရာတန် ဂျီနှင့် WCDMA ဖုန်းကြောင့် လိုင်းကျပ်မှုမရှိအောင် တိုးချဲ့ ဆောင်ရွက်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယခုလ၌ ကျပ်ထောင့်ငါးရာ တန် ဂျီဖုန်းနှင့် WCDMA ဖုန်းများကို ရောင်းချတော့မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေပြီး မိုဘိုင်းဖုန်း ဆိုင်အချို့မှာလည်း ဂျီဖုန်းဟန်းဆက်အ ချို့ကို တင်သွင်းမှုများ ပြုလုပ်နေ ကြသည်။
''ဒီလစပြီး ဂျီတွေ ရောင်းမရောင်း ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ လူကြီးတွေဆုံးဖြတ်ပြီးမှပဲ အတည်ပြု ပေးနိုင် မယ်။ ရောင်းမယ်ဆိုရင်လည်း လိုင်းကျပ်မှု မရှိနိုင်ပါဘူး။ လိုင်းတွေ တိုးချဲ့ ဆောင်ရွက်ထားပါတယ်''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ
အင် ဂျင်နီယာမှူး တစ်ဦးက ပြောသည်။
ယင်းသို့ အတည်ပြုနိုင်ခြင်း မရှိ သော်လည်း ဆက်သွယ်ရေးနှင့် နီးစပ် သည့် အသိုင်းအဝိုင်းနှင့် မိုဘိုင်းဖုန်း ဆိုင် အချို့မှာ ဂျီဖုန်းရောင်း ရန် သေချာသ လောက်ရှိသည့် အနေအထားတွင် ရှိနေ ကြောင်း သတင်းများထွက်ပေါ်နေသည့် အပြင် ယခင်မိုဘိုင်းအင်ဂျင်နီ ယာချုပ် ဟောင်း ဦးဌေးဝင်း၏ ပြောပြချက် များအရ ယခုလတွင် ဂျီဖုန်းများ ရောင်းချရန်မှာ ဖြစ်နိုင်ခြေရှိကြောင်း မိုဘိုင်းဖုန်း ကျွမ်းကျင် ပညာရှင်များ
Read more => http://bit.ly/12sQlzS
0 comments:
Post a Comment