Wednesday, June 5, 2013

KDDI နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီအုပ်စုမှ ဆက်သွယ်ရေးလိုင်စင် ရရှိနိုင်မည်ဟု ပြောကြား

5/6/2013


မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် တင်ဒါတင်သွင်းထားသည့် ဆက်သွယ်ရေး ကုမ္ပဏီ ၁၁ ခုထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည့် KDDI Sumitomo နှင့် A1 ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်စုတို့မှ လုပ်ငန်းလိုင်စင် လုံးဝရရှိရန် တွက်ချက်ထားကြောင်း MICTDC မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးသိန်းဦးက ၂၀၁၃ ဇွန် ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဦးသိန်းဦးက "ကျွန်တော်တို့ အနေနဲ့က လိုင်စင်မရနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ မရနိုင်ဘူးဆိုရင် အရင်ကတည်းက ဘာလို့တင်ရမှာလဲ။ ဒီကုမ္ပဏီ လေးခုပေါင်းရင် နိုင်မယ်ဆိုတာ ကျိန်းသေတယ်။ နိုင်အောင်လည်း ကျွန်တော်တို့ စနစ်တကျ လုပ်ထားတယ်" ဟုဆိုသည်။

A1 ဆောက်လုပ်ရေး၏ ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဝင်းက "ကျွန်တော်တို့ ဂျပန်နဲ့သာ ပူးပေါင်းပြီး လုပ်ကိုင်မယ်ဆိုရင် မအောင်မြင်နိုင်စရာ မရှိပါဘူး။ ဂျပန်ဆိုတာ နည်းပညာပိုင်းမှာ ဘာမှပြောစရာ မရှိတဲ့ အပိုင်းပါ" ဟု ပြောကြားခဲ့သည်။

KDDI ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ၊ တိုကရိုမြို့၌ အခြေစိုက်ထားသည့် ဆက်သွယ်ရေးဆိုင်ရာ အကျိုးဆောင် လုပ်ငန်းများကို လုပ်ဆောင်ပေးနေသော ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ Sumitomo ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံတွင် ဦးဆောင်အထွေထွေ ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ထူးခြားကွဲပြားသော ကုန်ထုတ်ပစ္စည်းများနှင့် အကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ပြည်တွင်းအခြေစိုက် MICTDC သည် မြန်မာနိုင်ငံ၏ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက လုပ်ဆောင်နေသော ကော်ပိုရေးရှင်း လီမိတက်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီမှာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အခြားသော လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအခါ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment