“အစ်မ၊ နှမလေး များ သိထားစေချင်သည်”
ဘုတ္တေသု မဏ္ဍေသု ဇနနိဝ ကန္တိနီ၊
(ဘုတ်တေသု မန်ဒေသု ဇနနိဝ ကန်တိနီ)
ဂုယှေ စ ဌာနေ ဘဂိနီဝ ဟိရိဏီ၊
(ဂုန်ရှေ စ ဌာနေ ဘဂိနီဝ ဟိရိဏီ)
ကမ္မေသု ပတ္တေသု ကရောတိ ဒါသီဝ၊
(ကမ်မေသု ပတ်တေသု ကရောတိ ဒါသီဝ)
ဘယေသု မန္တီ သယနေသု ရာမယေ ရူပီသု သိက္ခာ၊
(ဘယေသု မန်တီ သယနေသု ရာမယေ ရူပီသု သိက်ခါ)
ကုပနေသု ခန္တိနီ သာနာရီ သေဋ္ဌာတိ ၀ဒန္တိ ပဏ္ဍိတာ၊
(ကုပနေသု ခန်တိနီ သာနာရီ သစ်ထာတိ ၀ဒန်တိ ပန်ဒိတာ)
ကာယေဿ ဘေဒါစ ဒိဝေ ဘဝေယျ။
(ကာယစ်သ ဘေဒါစ ဒိဝေ ဘဝေယျ)
အကြင်မိန်းမသည် အစာစားသောအခါ၊ ၀တ်စားဆင်သောအခါတို့၌ အမိကဲ့ သို့ နှစ်သက်ဖွယ်ဖြစ်၏။ လျှို့ဝှက်သိပ်သည်းအပ်သော အရာတို့၌ နှမကဲ့သို့ ရှက်ရွံ့တတ်၏။ အလုပ်ကိစ္စ ရှိသောအခါ၌ ကျွန်မကဲ့သို့ ဆောင်ရွက်တတ်၏။ ဘေးရန်ရှိသောအခါ တိုင်ပင်ဖော်ရ၏။ အိပ်စက်သောအခါ ဖျော်ဖြေတတ်၏။ ၀တ်စားဆင်ပြင်ရာ၌ ရှုချင့်စဖွယ်ဖြစ် ၏။ အမျက်ထွက်သောအခါ သည်းခံတတ်၏။ ထိုမိန်းမမျိုးကို ပညာရှိတို့က “မြတ်သည်” ဟု ဆိုကြ၏။ တမလွန်ဘ၀၌လည်း နတ်ရွာသို့ လားရရာ၏။
ကျမ်းလာထင်ထင် ၊ လင်ကိုအမှန် ၊
မိန်းမမွန်တို့ ၊ ခြောက်တန်ရသာ ၊
ကျွေးမွေးရာနှင့် ၊ တန်ဆာဆင်ယင် ၊
အခါတွင်မူ ၊ မိခင်နှိုင်းတု ၊ လွန်ပြုစု၏။
ရှက်မှုကြဉ်ရှောင် ၊ မောင်ကြီးပမာ ၊
မူရာလုပ်ငြား ၊ လင့်ထံပါးသို့ ၊
သွားသည့်ခါမူ ၊ ကျွန်နှင့်တူလျက် ၊
ကြည်ဖြူရိုသေ ၊ တုပ်ဝပ်နေ၏။
သေကြေစလောက် ၊ ဘေးရန်ရောက်က ၊
နှုတ်ထောက်တိုင်ပင် ၊ မိတ်ဆွေသွင်တည့် ၊
စက်ခွင်အိပ်ရာ ၊ ၀င်သောခါကား ၊
မူရာချစ်ဖို့ ၊ ပြုတုံမြို့၏။
ပွဲသို့ဝင်မည် ၊ ပြုပြင်သည်တွင် ၊
ရုပ်ရည်ပြင်လျာ ၊ တင့်တယ်ရာ၏။
ဒေါသဖြစ်ဆဲ ၊ လင်မောင်းမဲလည်း ၊
လွန်ကဲသည်းခံ ၊ နှုတ်ပြန်မဟ ၊
ပွားထမေတ္တာ ၊ ရှိစေရာ၏။
မာတာနှစ်မ ၊ ခင်ပွန်းစသည် ၊
ကျွန်မလည်းမည် ၊ ချစ်ကြည်တင့်တယ် ၊
လင်ဝယ်သည်းခံ ၊ ကောင်းစံအင်္ဂါ ၊
ခုနှစ်ဖြာနှင့် ၊ စုံစွာပြည့်ဝ ၊
ထိုမိန်းမကို ၊ မြတ်စွဟုဟူ ၊
လူပညာရှိ ၊ ချီးမွမ်းဘိ၏။
စုတိပြောင်းကြွ ၊ နောင်ဘ၀၌ ၊
သုခများမြောင် ၊ နတ်တို့ဘောင်ဝယ် ၊
အခေါင်တင့်တယ် ၊ မိဘုန်းကြွယ်ကား ၊
လင်ဝယ်မြတ်နိုး ၊ ရိုသေကျိုးကြောင့် ၊
ပြည့်ဖြိုးမွေ့လျော် ၊ စည်းစိမ်ပျော်ဟု ၊
ရှင်တော်ဘုရား ၊ ဟောမြွက်ကြားသည် ၊
မူထားမြတ်သူ ၊ ကျင့်ရန်တည်း။
လောကနီတိ ပဉ္စဂံ စာတည်းအဖွဲ
ဘုတ္တေသု မဏ္ဍေသု ဇနနိဝ ကန္တိနီ၊
(ဘုတ်တေသု မန်ဒေသု ဇနနိဝ ကန်တိနီ)
ဂုယှေ စ ဌာနေ ဘဂိနီဝ ဟိရိဏီ၊
(ဂုန်ရှေ စ ဌာနေ ဘဂိနီဝ ဟိရိဏီ)
ကမ္မေသု ပတ္တေသု ကရောတိ ဒါသီဝ၊
(ကမ်မေသု ပတ်တေသု ကရောတိ ဒါသီဝ)
ဘယေသု မန္တီ သယနေသု ရာမယေ ရူပီသု သိက္ခာ၊
(ဘယေသု မန်တီ သယနေသု ရာမယေ ရူပီသု သိက်ခါ)
ကုပနေသု ခန္တိနီ သာနာရီ သေဋ္ဌာတိ ၀ဒန္တိ ပဏ္ဍိတာ၊
(ကုပနေသု ခန်တိနီ သာနာရီ သစ်ထာတိ ၀ဒန်တိ ပန်ဒိတာ)
ကာယေဿ ဘေဒါစ ဒိဝေ ဘဝေယျ။
(ကာယစ်သ ဘေဒါစ ဒိဝေ ဘဝေယျ)
အကြင်မိန်းမသည် အစာစားသောအခါ၊ ၀တ်စားဆင်သောအခါတို့၌ အမိကဲ့ သို့ နှစ်သက်ဖွယ်ဖြစ်၏။ လျှို့ဝှက်သိပ်သည်းအပ်သော အရာတို့၌ နှမကဲ့သို့ ရှက်ရွံ့တတ်၏။ အလုပ်ကိစ္စ ရှိသောအခါ၌ ကျွန်မကဲ့သို့ ဆောင်ရွက်တတ်၏။ ဘေးရန်ရှိသောအခါ တိုင်ပင်ဖော်ရ၏။ အိပ်စက်သောအခါ ဖျော်ဖြေတတ်၏။ ၀တ်စားဆင်ပြင်ရာ၌ ရှုချင့်စဖွယ်ဖြစ် ၏။ အမျက်ထွက်သောအခါ သည်းခံတတ်၏။ ထိုမိန်းမမျိုးကို ပညာရှိတို့က “မြတ်သည်” ဟု ဆိုကြ၏။ တမလွန်ဘ၀၌လည်း နတ်ရွာသို့ လားရရာ၏။
ကျမ်းလာထင်ထင် ၊ လင်ကိုအမှန် ၊
မိန်းမမွန်တို့ ၊ ခြောက်တန်ရသာ ၊
ကျွေးမွေးရာနှင့် ၊ တန်ဆာဆင်ယင် ၊
အခါတွင်မူ ၊ မိခင်နှိုင်းတု ၊ လွန်ပြုစု၏။
ရှက်မှုကြဉ်ရှောင် ၊ မောင်ကြီးပမာ ၊
မူရာလုပ်ငြား ၊ လင့်ထံပါးသို့ ၊
သွားသည့်ခါမူ ၊ ကျွန်နှင့်တူလျက် ၊
ကြည်ဖြူရိုသေ ၊ တုပ်ဝပ်နေ၏။
သေကြေစလောက် ၊ ဘေးရန်ရောက်က ၊
နှုတ်ထောက်တိုင်ပင် ၊ မိတ်ဆွေသွင်တည့် ၊
စက်ခွင်အိပ်ရာ ၊ ၀င်သောခါကား ၊
မူရာချစ်ဖို့ ၊ ပြုတုံမြို့၏။
ပွဲသို့ဝင်မည် ၊ ပြုပြင်သည်တွင် ၊
ရုပ်ရည်ပြင်လျာ ၊ တင့်တယ်ရာ၏။
ဒေါသဖြစ်ဆဲ ၊ လင်မောင်းမဲလည်း ၊
လွန်ကဲသည်းခံ ၊ နှုတ်ပြန်မဟ ၊
ပွားထမေတ္တာ ၊ ရှိစေရာ၏။
မာတာနှစ်မ ၊ ခင်ပွန်းစသည် ၊
ကျွန်မလည်းမည် ၊ ချစ်ကြည်တင့်တယ် ၊
လင်ဝယ်သည်းခံ ၊ ကောင်းစံအင်္ဂါ ၊
ခုနှစ်ဖြာနှင့် ၊ စုံစွာပြည့်ဝ ၊
ထိုမိန်းမကို ၊ မြတ်စွဟုဟူ ၊
လူပညာရှိ ၊ ချီးမွမ်းဘိ၏။
စုတိပြောင်းကြွ ၊ နောင်ဘ၀၌ ၊
သုခများမြောင် ၊ နတ်တို့ဘောင်ဝယ် ၊
အခေါင်တင့်တယ် ၊ မိဘုန်းကြွယ်ကား ၊
လင်ဝယ်မြတ်နိုး ၊ ရိုသေကျိုးကြောင့် ၊
ပြည့်ဖြိုးမွေ့လျော် ၊ စည်းစိမ်ပျော်ဟု ၊
ရှင်တော်ဘုရား ၊ ဟောမြွက်ကြားသည် ၊
မူထားမြတ်သူ ၊ ကျင့်ရန်တည်း။
လောကနီတိ ပဉ္စဂံ စာတည်းအဖွဲ
0 comments:
Post a Comment