Posted on Jun 08 13 - 12:19 AM | Hits : 62
ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျိုကိုဗစ်နှင့် နာဒယ်လ်တို့ ယနေ့ညနေပိုင်းကစတင်၍ ယှဉ်ပြိုင်ကစားခဲ့ရာ နာဒယ်လ်က ၄-၆၊ ၆-၃၊ ၁-၆၊ ၇-၆၊ ၇-၉ ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်သွားသည်။ စပိန်သား နာဒယ်လ်နှင့် ဆားဘီးယား တင်းနစ်ကစားသမား ဂျုကိုဗစ်တို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကစားချိန် ၅ နာရီနီးပါး ကြာမြင့်ခဲ့သည်။
နာဒယ်လ်သည် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် အောင်မြင်မှု အစဉ်အလာကြီးမားသော ကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ကစားသမားဘဝင်တွင် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို အများဆုံး ရရှိထားသည်။ နာဒယ်လ်သည် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်နှင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် စုစုပေါင်း ၇ ကြိမ်တိုင် ဆွတ်ခူးရရှိထားသူဖြစ်သည်။
နာဒယ်လ်သည် ဒေးဗစ်ဖာရာနှင့် ဆွန်ဂါတို့၏ ဆီးမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ဖိုင်နယ်တွင် တွေ့ဆုံယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဖိုင်နယ်ပွဲစဉ်ကို ဇွန်လ ၉ ရက် (တနင်္ဂနွေနေ) တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
0 comments:
Post a Comment