နှစ်နိုင်ငံဆွေးနွေးပွဲ ပြန်လည်စတင်ဖွယ်ရှိ
ဆိုလ်း ဇွန် ၇ ။ ။ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံနှင့် ချိတ် ဆက်ထားသော အရေးပေါ်ဖုန်း လိုင်းကို ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။ ယင်းသည် တောင်ကိုရီးယား နိုင်ငံနှင့် လအတန်ကြာဆက်ဆံ ရေးတင်းမာနေမှုကို နောက်ထပ် လျှော့ချခြင်းလည်းဖြစ်သည်။
ဆိုလ်း ဇွန် ၇ ။ ။ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံနှင့် ချိတ် ဆက်ထားသော အရေးပေါ်ဖုန်း လိုင်းကို ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။ ယင်းသည် တောင်ကိုရီးယား နိုင်ငံနှင့် လအတန်ကြာဆက်ဆံ ရေးတင်းမာနေမှုကို နောက်ထပ် လျှော့ချခြင်းလည်းဖြစ်သည်။
မြောက်ကိုရီးယား
နိုင်ငံ သည် တောင်ကိုရီးယားနိုင်ငံက ဆိုးလ်မြို့တွင် အဆင့်မြင့်အရာ
ရှိချင်း ဆွေးနွေးပြောဆိုရန် ကမ်း လှမ်းခဲ့သော်လည်း ကတ်တီး ကတ်ဖဲ့ပြု
လုပ်နေလျက်ရှိကြောင်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံသည်
အရေးပေါ်ဖုန်းလိုင်း ကို မတ်လအတွင်းက ရပ်ဆိုင်း ထားခဲ့သော်လည်း ပြီးခဲ့သည့်
သောကြာနေ့ က ပြန်လည် ဖွင့် ပေးခဲ့ခြင်းဖြစ်သည်။ ကိုရီးယား နှစ်နိုင်ငံက
မမျှော်လင့်ဘဲ ရုတ် ခြည်းဆိုသကဲ့သို့ လွတ်လပ်ပွင့် လင်းစွာ
ဆွေးနွေးပြောဆိုရန် သဘောတူညီ မှုပြုပြီး နောက် အရေးပေါ်ဆက်သွယ်ရေး လိုင်း
ပြန်လည်ဖွင့်လှစ်ကြောင်း မြောက် ကိုရီးယားနိုင်ငံက ထုတ်ပြန်ကြေ
ညာခဲ့ခြင်းဖြစ်သည်။
ကိုရီးယားနှစ်နိုင်ငံ
ထပ်မံ ဆွေးနွေးပြောဆိုမှုများ ပြုရန် မှာ မြောက်ကိုရီးယားအနေဖြင့်
နိုင်ငံတကာ တာဝန်ဝတ္တရားများ ကို လေးစားလိုက်နာမှုအပါအဝင် များစွာသော အဆင့်
များကို လုပ် ဆောင်ရန်အတွက် ကျန်ရှိနေ သေးကြောင်း အမေရိကန်နိုင်ငံ
ခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဂျင်နီဖာပဆာကီက ပြော ကြားခဲ့သည်။
တောင်မြောက် ဆွေးနွေးပွဲအတွက် အဆိုပြု ထားသော လုပ်ငန်းစဉ်တွင် ကေ
ဆောင်စက်မှုဇုန်ပြန်လည်ဖွင့် လှစ်မှုအပါအဝင် စီးပွားရေးနှင့် လူသားချင်း
စာနာ မှုဆိုင်ရာ အရေး ကိစ္စများလည်း ပါဝင်နေသကဲ့ သို့ မိသားစုများ
နယ်စပ်ဖြတ် ကျော် ပြန်လည်ပေါင်းစည်းရေး ကိုလည်း ပြန်လည်စတင်သွား
မည်ဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားဘက်မှ
ပြောခွင့်ရပုဂ္ဂိုလ်က ဆွေးနွေး ပြောဆိုမှုကို ဆိုးလ်မြို့မှာထက်
ကေဆောင်တွင် ကျင်းပသင့် ကြောင်း ပြောကြားခဲ့သည်။ ဇွန် ၉ရက်တွင်
တောင်မြောက်ဆွေး နွေးပွဲ ဖြစ်ပေါ်လာဖွယ်ရှိမှုအ ပေါ် ကုလသမဂ္ဂအကြီးအကဲမစ္စ
တာဘန်ကီမွန်းက နှစ်နိုင်ငံ၏ လက်ရှိဖြစ်ပွားနေသော အထွေ ထွေပြဿနာများကို
ဖြေရှင်း နိုင် ရေးအတွက် အထောက်အကူ ပြုမည့် ဆွေးနွေးပွဲအဖြစ် မျှော်
လင့်ကြောင်း ပြောခဲ့သည်။
0 comments:
Post a Comment