ပန်းတောင်း ဇွန် ၁၅
ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥရှစ်ပင် မြို့တွင် ယာဉ်များ စည်းကမ်း တကျ သွားလာ နိုင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ နိုင်စေရန်
ဥရှစ်ပင် မြို့မှ စခန်းမှူး ရဲအုပ်ဝင်းစန်း ဦးဆောင်သော ရဲတပ်ဖွဲ့ ၀င်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် များဖြင့် ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုသိမ်- မုံရွာ လမ်းဆုံ အနီးတွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ယာဉ်များ စနစ်တကျ မောင်းနှင်ရန်နှင့် မူးယစ် သောက်စား၍ မောင်းနှင်ခြင်း မပြုရန် တို့ကို ပြောကြားပြီး အသိပညာပေး လက်ကမ်း စာစောင် များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment