Wednesday, June 12, 2013

ကားနှင့်တိုက်၍ သေဆုံးခဲ့သော ကိုရီးယားဟာသကြယ်ပွင့် ဟမ်ဟျိုဂျူး .

ကိုရီးယားနိုင်ငံက ဟာသသရုပ်ဆောင် ဟမ်ဟျိုဂျူးသည် ပြီးခဲ့သော ဇွန်လ (၈)ရက်နေ့က ကားနှင့် အတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သူမ၏ ၀မ်းနည်းကြေကွဲဖွယ် အသုဘအခမ်းအနားပွဲကို ဟာသသရုပ်ဆောင် အပေါင်းအသင်းများ တက်ရောက်ခဲ့ကြသည်။

ဟမ်သည် ဇွန်လ (၈)ရက်နေ့ နံနက် (၃)နာရီတွင် ယုံဒိုပို ခရိုင် စင်ဂဲဒုံအနီးတွင် အလုပ်ပါတီတစ်ခုအပြီး အိမ်ကိုပြန်လာချိန်တွင် ယခုလိုအတိုက်ခံခဲ့ရပြီး ဟမ်၏နမော်နမဲ့လမ်းလျှောက် မှုကြောင့်ဟု ထုတ်ပြန်တင်ပြခဲ့ကြောင်း သိရသည်။ ဟမ်သေဆုံးမှုအတွက် သူမ၏ အပေါင်းအသင်းများက ကြေကွဲဝမ်းနည်းခဲ့ကြသည်။ ဟမ်သည် ဆိုးလ်အနုပညာကျောင်းက သရုပ်ဆောင်ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် (၂၀၀၅)ခုနှစ်တွင် ဟာသသရုပ်ဆောင်တစ်ဦးအနေဖြင့် စတင်လုပ်ကိုင် ခဲ့သည်။

သူမကျောင်းပြီးသောနောက်တွင် ဟာသသရုပ်ဆောင်အဖြစ် လုပ်ကိုင်ရုံသာမက K-Pop ကြယ်ပွင့်များကို သရုပ်ဆောင်ပိုင်းများ သင်ကြားပေးခဲ့ကြောင်း MSN သတင်းဆိုက်မှ သိရသည်။

SkyNet TV Browser

0 comments:

Post a Comment