(ကိုမှူးဇော်၊ဦးရဲထွဋ်ဆီ လိပ်မူထားသောစာ)
မလေးရှားကိစ္စနဲ့ ပက်သက်ပြီး အခုပဲ ကျနော့်အသိနဲ့ စကားပြောပြီးတာကို ကိုမှူးဇော်မှတဆင့်နိုင်ငံတော်သမ္မတထံသို့ အောက်ပါအတိုင်းလေးနက်စွာ အသိပေး တိုင်ကြားခြင်ပါတယ်။
ဒီနေ့  CIရမယ်ဆိုပြီး မနက်ကတည်းက စောင့်နေတာ ညမိုးချုပ်ခံနီးမှ ရတယ်တဲ့။ CIက သက်တမ်းနှစ်လရှိတယ်လို့ ပြောပါတယ်။ နောက်ပြီး သံရုံးက ဝန်ထမ်းတွေက ပွဲစားတွေကို အထဲမှာခေါ်ထားပြီး မြန်မာပြည်ကိုပြန်ချင်ရင် မလေး ၁၂၀၀ပေးရ မယ် ပေးရင်ပြန်ရမယ်လို့ ပြောပါတယ်တဲ့။
အဲ့ဒီနောက် မလေးရှားက ဒုက္ခရောက်နေတဲ့ လူငယ်တွေက မလေးရှား လူဝင်မှုကြီးကြပ်ရေးကိုသွားပြီး ပြန်ဖို့ အကြောင်းသွားကြားတော့ ပုံမှန် ၄၀၀ပဲပေးရမယ့်ဟာကို အခု ၁၀၀၀ တောင်းသတဲ့။
CIကိုင်ရလာပြီး ကိုင်ပြီးမြန်မာပြည်ပြန်ဖို့ စောင့်နေတဲ့လူတွေ ယေက်ျားလေး၊ မိန်းခလေး အများကြီးပဲတဲ့၊ ကျနော့်ကို ဘယ်လိုလုပ်ရမလည်းဆိုပြီး လှမ်းမေးပါတယ်။ သူတို ကပြောတယ် ဒုဝန်ကြီးဦးဇင်ယော်နဲ့ အဖွဲ့ က ဒီကနေ့ မြန်မာပြည်ကို ပြန်သွားပြီလို့ ပြောတယ် နောက်ပြီးမြန်မာသံရုံးနဲ့ မလေးရှား လဝကတို့ ပေါင်းရိုက်ကြပြီလားဗျာ၊ သမ္မတကြီးရဲ့မှာကြားလိုက်တဲ့ အစွမ်းကုန်ကူညီမယ်ဆိုတဲ့စကားကို ဂရုမစိုက်တာလား။ ဦးအောင်ကိုဝင်း၊ ဦးတေဇ၊ ဦးဇော်ဇော် နဲ့ အလှူရှင်တွေက ဒုက္ခရောက်နေတဲ့လူတွေကို လှူတဲ့ ဒေါ်လာတွေကို နှစ်ဖက်စလုံးက ဗျောင်လိမ်ပြီးသိမ်းချင်ကြတာလားဗျာ၊
ကိုမှူးဇော်ခင်ဗျာ မလေးရှားက မြန်မာလူမျိုးတွေအခု အလုပ်မလုပ်ဝံ့ကြတဲ့
အတွက် သံရုံး၊ မလေးလဝက ကတောင်းတဲ့ပိုက်ဆံကို မပေးနိုင်ကြရှာပဲ၊ ပြန်ဖို့အတွက် CI ကိုင်ပြီးစောင့်ရင်း အခက်အခဲ ဒုက္ခများစွာရောက်နေကြပါတယ်၊ သမ္မတရုံးအနေနဲ့ ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ဖို့ အတွက် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
Lwin Hein Aung
Myanmar News

0 comments:
Post a Comment