Wednesday, May 1, 2013

ထားဝယ် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်နေ

ထားဝယ်-ဧပြီ၃၀

   တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်ရှိထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအတွက်ကြိုတင်ပြင်ဆင်မှု များပြုလုပ်နိုင်ရန်စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသွားရောက်ကြည့်ရှုကြောင်းသိရသည်။
မြန်မာသမ္မတဦးသိန်းစိန်နှင့်ထိုင်းဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်တို့ဘရူးနိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ပြီးနောက် မေလ(၁၁)ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သတင်းထွက်ပေါ်လာသော တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့နယ်ရှိ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း အတွက်ကြို တင်ပြင် ဆင်မှုများပြုလုပ်နိုင်ရန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကုန်သွယ်မှုနှင့် စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်နှင့် အဖွဲ့ ၀င်များ ၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ခရိုင်အုပ်ချုပ်ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့် ထားဝယ်ခရိုင်ကုန်သည်ကြီးများအသင်းမှ စီးပွားရေးလုပ်ငန်းရှင်များသည်ဧပြီ၂၈ရက် နံနက်ပိုင်းက ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းသို့သွားရောက်ကာ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းကိုဖွင့်လှစ်ရန် ကြိုးပမ်းနေသည် မှာကြာပြီဖြစ်သော်လည်း တကယ်တမ်းဖွင့်လှစ်ပြီဆိုပါက ထိုင်းဘက်က အဆင်သင့်ဖြစ်နေသည်မှာ ကြာပြီဖြစ်၍ ကုန်သွယ်မှုတွင် ထိုင်းဘက်ကအသာ စီးရနိုင်မည်ဟုထင်မြင်ကြောင်း၊ ထားဝယ်ဒေသဘက်က ကုန်စည်စီးဆင်းမှုမှာ အဆင်သင့်ဖြစ်နိုင်ပါ့မလား ဟုစိုးရိမ်မိကြောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းသည်ထားဝယ်ဒေသတွင်အကောင်အထည်ဖော်နေသော ထားဝယ် ရေနက်ဆိပ် ကမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်ထားဝယ်-ဘန်ကောက် အဝေးပြေး လမ်းမကြီးပေါ်တွင် အဓိက ကျသည့်နေရာတစ်ခုလည်းဖြစ်သည်။ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမဖွင့်မီကပင် ထို လမ်းကြောင်းမှတစ်ဆင့်ထိုင်းကုန်ပစ္စည်းများဝင်ရောက်မှုရှိကြောင်းဒေသခံများကဆိုသည်။ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပြီးပါက ခရီးသွားလုပ်ငန်းသည်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ခန့်မှန်းကြပြီး ၊လမ်းတစ်လျှောက် အိမ် ၊ခြံ ၊မြေဈေးကွက်သည်လည်း မြင့်တက်သွားဖွယ်ရာရှိသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လေကြောင်းခရီးဖြင့်ကော့သောင်းမြို့သို့ဆက်လက်ထွက်ခွာသွားပြီဖြစ်သည်။ထိုမှတစ်ဆင့် မြိတ်မြို့သို့လာ
ရောက်ကာ မေလ(၈)ရက်နေ့တွင်ဖွင့်လှစ်မည့် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက် မည်ဖြစ်ကြောင်းသိရသည်။
သတင်း – ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ – ကိုကိုမောင်
ref: Popular Myanmar

0 comments:

Post a Comment