Tuesday, September 1, 2015

ကလေးမြို့နယ်အတွင်း ရွှံ့နွံရေစီးဖြစ်ပေါ်နိုင်သည့် မြေသားတမံတစ်ခု ထပ်မံဖြစ်ပေါ်နေ

ကလေးမြို့နယ် ဆည် တောရွာအထက် မိုင် ၂၀ ခန့်အ ကွာ၌ ရွှံ့နွံရေစီးဖြစ်ပေါ်နိုင်သည့် မြေသားတမံ(Landslide Dam)ဆည်တစ်ခုဖြစ်နေသည်ဟု သံသ ယရှိသောကြောင့် အစိုးရအနေ ဖြင့် ထိုနေရာအား စစ်ဆေးပေးစေ လိုသည်ဟု ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။


ကလေးမြို့နယ် ဆည်တော ရွာအနီးမှ ဖြတ်သွားသည့်ဒေသ အခေါ် မြောင်းချောင်းမှာ ယခုအ ခါ ရေစီးမှုနည်းနေသောကြောင့် မြောင်းချောင်း၏ အထက်ပိုင်း တွင် မြေသားဆည်ဖြစ်နေသည်ဟု သံသယဖြစ်ဖွယ် ကောင်းသော ယင်းဒေသကို လေ့လာနေသည့် သစ်တောဦးစီးဌာန အငြိမ်းစား (ညွှန်ကြားရေးမှူး) ဦးမောင်မောင် သန်းနှင့် ကလေးလွင်ပြင်ရေဘေး ကူညီထောက်ပံ့ရေးအသင်းမှ ကို သန့်ဇင်လင်းက ပြောသည်။
တွန်းဇံမြို့နယ် ဟားခါးလေးကျေးရွာသည် ရွာအပေါ်ဘက်မှ မြေသားတမံကဲ့သို့ ဆည်ကျိုးကျခြင်းကြောင့် ရွှံ့နွံများ ရွာလုံးကျွတ် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
‘‘မြစ်ချောင်းအထက်ဘက် ၂၃ မိုင်ခန့်အကွာမှာ မြေပြိုပြီး ယာယီရေထိန်းတမံ ဖြစ်နေတယ်လို့ ကောင်းကင်ရေဒါပုံတွေအရ တွေ့ရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် ချောင်းမြောင်းအနီးမှာနေကြတဲ့ရွာတွေ သတိ ထားစောင့်ကြည့်သင့်ပါတယ်’’ဟု ကိုသန့်ဇင်လင်းက ပြောသည်။
ကိုသန့်ဇင်လင်းသည် နယ်မြေကျွမ်းကျင်သည့် ဒေသခံများကို အကူအညီတောင်းကာ မြေသားဆည် ဖြစ်နေနိုင်သည့် နေရာသို့ သွားရောက်ကြည့်ရှုမည်ဟု ပြောသည်။ ဒေသတွင်းအစိုးရထံသို့လည်း ယင်းသတင်း ပေးပို့သွားမည်ဟု ဆိုသည်။
အဆိုပါဒေသ အခြေအနေ အား လေ့လာနေသည့် သစ်တော ဦးစီးဌာန အငြိမ်းစား ညွှန်ကြား ရေးမှူး ဦးမောင်မောင်သန်းက လည်း ဆည်ဖြစ်နေဖွယ်ရှိသည်ဟု သံသယရှိနေသည့်နေရာကို အစိုး ရအဖွဲ့အနေဖြင့် သွားရောက်စစ် ဆေးကာ မြေပြင်အခြေအနေကို သတင်းထုတ်ပြန်ရန် လိုအပ်သည် ဟု အကြံပြုသည်။
မြောင်းချောင်းမှာ ဒေသခံများ၏ အဆိုအရ ရေစီးနည်းနေပြီး ရွှံ့နွံများပါသည့် ရေနောက်များ စီးနေသည်မှာ အလွန်အန္တရာယ်များသည်ဟု ဦးမောင်မောင်သန်းက ပြောသည်။
မြောင်းချောင်းအထက်တွင် ရှိနေသည့် တီဒီလ်ရွာတွင် တောင် မြေသားအက်ကာ မြေပြိုမှုဖြစ် ပေါ်နေသောကြောင့် ဒေသခံများ ရွှေ့ပြောင်းနေကြသည်ဟု သ တင်းရပြီး ချောင်းအတွင်း စီးနေ သည့်ရေမှာလည်း နက်မှောင် သော မြေသားများ ပါဝင်နေသည် ဟု ဒေသခံများက သတင်းပို့သော ကြောင့် ထိုနေရာများကို ဂြိုဟ်တု ဓာတ်ပုံများ အမြန်စစ်ဆေးရန် လို လာပြန်ပြီဖြစ်သည်ဟု ဦးမောင် မောင်သန်းက သတိပေးထား သည်။
နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ပ ညာရှင်များ သတိပေးနေသည့် ကလေးမြို့နယ် ဆည်တောရွာအ ခြေအနေကို သက်ဆိုင်ရာအစိုးရ ဌာနများက လေ့လာ၍ သတင်း စာနှင့် ရုပ်/သံများမှ ထုတ်ပြန်သွားမည်ဟု ပြောထားသည်။
Credit to >>>7Day Daily

0 comments:

Post a Comment