Friday, June 7, 2013

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု ၂၀၁၃ ခုနှစ်တွင် ဦးရေ ၁ ဒသမ ၅ သန်း၊ ၂၀၁၄ ခုနှစ်တွင် နှစ်သန်းရောက်ရှိရန် ခန့်မှန်း

Friday, June 07, 2013

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုသည် ၂၀၁၃ ခုနှစ်တွင် ခရီးသွားဦးရေ ၁ ဒ သမ ၅ သန်းနှင့် ၂၀၁၄ ခုနှစ်တွင် ဦးရေနှစ်သန်း ပြည့်မီလာရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေက ပြောကြားသည်။ ၂၀၁၃ ခုနှစ်၊ ဇွန် ၅ ရက်က ပြုလုပ် သော ဗီယက်နမ်နိုင်ငံ Hoang Anh Gia Lai ၏ စီးပွားရေးအဆောက်အအုံ တည်ဆောက် ရေးလုပ်ငန်းစတင်ခြင်း အခမ်းအနားတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၂ ခုနှစ်မှာ နိုင်ငံတကာက ခရီးသွားစုစုပေါင်း ၁ ဒသမ ၀၆ သန်း လာရောက်ခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ထိုင်းနဲ့တရုတ်က ခရီးသွားတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ယှဉ်ရင် ခရီးသွား တိုးတက်မှုက ၂၉ ဒသမ ၇ ရာခိုင်နှုန်း ရှိပါတယ်” ဟုဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက
ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလကုန်အထိ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၀င်ရောက်မှု စုစုပေါင်းသည် ၀ ဒသမ ၄၅ သန်းရှိပြီး ၂၀၁၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွား ဧည့်သည်များအတွက် အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသွားဝင်ရောက်မှုမှာ ၀ ဒသ မ ၂၅ သန်းရှိခဲ့ ပြီး ယခင်နှစ် အလားတူကာလထက် ၄၄ ရာ ခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလကုန်အထိ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၀င်ရောက်မှု စုစုပေါင်းသည် ၀ ဒသမ ၄၅ သန်းရှိပြီး ၂၀၁၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့...

“၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ခရီးသွားလာ ရောက်မှုဟာ အချိန်နဲ့အမျှ သိသိသာသာ မြင့်တက် လာတာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက ဆိုသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု သည် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ ကျဆင်းခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်လည်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ခရီးသွား ဧည့်သည်အ၀င် ထပ်မံကျဆင်းခဲ့ကာ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်ပေါ်သည့် ကာလတွင်လည်း ခရီးသွား ဆက်လက်နည်းပါးခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ကုန် ပိုင်းတွင်မူ ခရီးသွား ၀င်ရောက်မှုမြင့်တက် လာခဲ့ကာ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အ တွင်း နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲ များကြောင့် ခရီးသွား ဧည့်သည်လာရောက် ရန် စိတ်ဝင်စားမှု အမြင့်ဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်အတွင်းတွင် ပထမဆုံးအကြိမ် တစ်သန်း ကျော်လွန်ခဲ့သည်။

နှစ်အလိုက် ခရီးသွားဝင်ရောက်မှု အနေဖြင့် ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ သို့ လေဆိပ်ဝင်ပေါက် အပါအ၀င် နယ်စပ် ၀င်ပေါက်တို့မှ ခရီးသွား ၇၃၁၂၃၀ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၇၆၂၅၄၇ ဦး၊ ၂၀၁၀ပြည့်နှစ်တွင် ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦး အသီးသီး ၀င်ရောက်ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment