Saturday, June 15, 2013

မိတ္ထီလာ ဒုက္ခသည်များအတွက် အခမဲ့ တိုက်ခန်းများ ဇွန်လကုန် စဆောက်မည်


မိတ္ထီလာမြို့ ပဋိပက္ခကြောင့် နေအိမ် မီးလောင်ဆုံးရှုံးခဲ့သည့် ဒုက္ခသည်များ အတွက် အခမဲ့တိုက်ခန်းများ ဇွန်လကုန်တွင် စတင်တည်ဆောက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောကြားသည်။

မိတ္ထီလာမြို့ ချမ်းအေးသာယာ ရပ်ကွက်အတွင်း အခန်းပေါင်း ၁၆၀၀ ကျော် ပါဝင်မည့် တိုက်ခန်းတွဲများ တည်ဆောက်ရေး အတွက် အိတ်ဖွင့် တင်ဒါ ခေါ်ယူထားကြောင်း ၄င်းကဆိုသည်။

ဆောက်လုပ်လိုသူများ အတွက် တင်ဒါတင်သွင်းရန် ဇွန်လ၂၇ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားပြီး ၂၈ ရက်နေ့တွင် ဆောက်လုပ်ရေး လုပ်ငန်းရှင် ရွေးချယ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောကြားသည်။ "ဈေးနှုန်းအနည်းဆုံးနဲ့ အစောဆုံး ဆောက်နိုင်တဲ့သူကို အဓိကရွေးချယ်သွားမယ်" ဟု ၄င်းကဆိုသည်။

အာစီတိုက်ခန်းများ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇိုင်းပုံစံများကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန က သတ်မှတ်ပေးပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ မိတ္ထီလာမြို့တွင် တည်ဆောက် မည့် တိုက်ခန်းများမှာ ရှစ်ခန်းတွဲ ၃ ထပ်တိုက် ၁၀ လုံး၊ ခြောက်ခန်း တွဲ နှစ်ထပ်တိုက် ၉၂ လုံး ၊ ရှစ်ခန်းတွဲ ၃ ထပ်တိုက် ၆ လုံး ပါဝင်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနထံမှ သိရသည်။

မိတ္ထီလာမြို့တွင် ၂၀ ရက်နေ့က ရွှေအရောင်းအဝယ် မှတစ်ဆင့် စတင်ဖြစ်ပွား ခဲ့သော ပဋိပက္ခကြောင့် အိမ်ပေါင်း ၁၆၀၀ နီးပါး ၁၅၉၄လုံး မီးသင့်ခံခဲ့ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
The Voice Weekly

0 comments:

Post a Comment