မော်တော်ယာဉ်အား မိမိအမည်ဖြင့် တရားဝင် အမည်ပေါက်ဖြစ်ပါက အောက်ပါအကျိုးကျေးဇူးများ ကိုရရှိမည်-
(၁) မိမိယာဉ် မိမိတရားဝင် ပိုင်ဆိုင်ပါသည်။
(၂) ယာဉ်နှင့်ပတ်သက်သည့် လုပ်ငန်းကိစ္စအားလုံးအခက်အခဲမရှိနိုင်ပါ။
(၃) ပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုများ ဖြစ်လာပါက တရားဥပဒေအရ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
(၄) ၀ယ်ခြင်း/ရောင်းခြင်း၊ ပေါင်နှံချေးငှားခြင်းများနှင့် အခြားငွေကြေးအရှုပ်အရှင်းများ အတွက်လည်း ထိရောက်စွာဖြေရှင်းနိုင်ပါသည်။
(၅) မိမိယာဉ်အမည်ပေါက်ဖြစ်ခြင်းကြောင့် ဥပဒေနှင့် ဘောင်အတွင်း နေထိုင်ပါက နိုင်ငံကြီးသား ပီသ ပါသည်။
မော်တော်ယာဉ်ကို အမည်ပြောင်းဆောင်ရွက်ခြင်း မရှိဘဲစီးနေပါက အောက်ပါဆိုးကျိုးများကို ရရှိနိုင်ပါသည်-
(၁) စာအုပ်တွင်အမည်မပေါက်ပါက အမည်ပေါက်သူမှ မမှန်မကန်ဆောင်ရွက်ထားလျှင် အရှုပ်အရှင်း ဖြစ်နိုင်ပါသည်။
(၂) ၀ယ်ခြင်း/ရောင်းခြင်း၊ ပေါင်နှံချေးငှားခြင်းများနှင့် အခြားငွေကြေး အရှုပ်အရှင်းကိစ္စများ အတွက်လည်း တရားရုံးတွင်ရင်ဆိုင်ဖြေရှင်းပါက မိမိအမည်ပေါက်ယာဉ်မဟုတ်သဖြင့် အလုပ်ရှုပ်ပြီး အချိန်ကုန် စိတ်ရှုပ်ရပါမည်။
(၃) အဆိုးဆုံးအခြေအနေမှာ ယာဉ်မပိုင်/ ငွေပါဆုံးရှုံးနိုင်ပါသည်။ (၄) ယာဉ်ပိုင်ရှင် အမည်ပေါက်မှန်ကန်မှုမရှိခြင်းကြောင့် အခွန်ရှောင်သည့်သဘောသက်ရောက်နေ သဖြင့် ဥပဒေ ဘောင်အတွင်း ဥပဒေနှင့်အညီ နေထိုင်မှုမဖြစ်နိုင်ပါ။ (၅) မိမိအမည်ပေါက်ယာဉ်အား ယာဉ်လက်ဝယ်ရှိသူမှ ယာဉ်တိုက်ခိုက်မှုဖြစ်ပွားခြင်း၊ တရားဥပဒေနှင့် ငြိစွန်းသော ရာဇ၀တ်မှုများ ဆောင်ရွက်ခြင်းဖြစ်ပွားလျှင် မိမိမှတာဝန်ယူ ဖြေရှင်းဆောင်ရွက်ရ မည်ဖြစ်သည်။ မလိုလားအပ်ဘဲ တရားခံအဖြစ် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Ref: Motors.com.mm
0 comments:
Post a Comment