Monday, May 13, 2013

Time မဂ္ဂဇင်းကပြောတဲ့ လုံခြုံစိတ်ချရတဲ့ Passwordsတစ်ခု အကြောင်း

Time မဂ္ဂဇင်းကပြောတဲ့ လုံခြုံစိတ်ချရတဲ့ Passwordsတစ်ခု အကြောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိမိတို့ အသုံးပြုတဲ့ Email၊ Facebookနဲ့ Twitter စတာတွေရဲ့ Passwordsတွေအပြင် ဘယ်လို User Accountမျိုးကိုမဆို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Accountကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwordsတစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုမျိုး စိတ်ချရပြီး ကြံခိုင်တဲ့ Passwordsတစ်ခု ပေးဖို့အတွက် သိထား သင့်တဲ့ အချက်လေးတွေကို Time မဂ္ဂဇင်းက ဖော်ပြပေးထားပါတယ်။

Passwordsကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwordsကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။

User Accountတစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
ဒီအချက်ကတော့ ရှင်းပါတယ်။ သင့် User Accountတစ်ခုရဲ့ Passwords ခိုးယူခံခဲ့ရင် အခြား Passwords အတူတူပေးထားတဲ့ Accountတွေအတွက်ပါ အန္တရာယ်ရှိလာလို့ပဲ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to စိတ်ကူးပျော်ရာ

0 comments:

Post a Comment