Wednesday, May 8, 2013

အောင်မင်္ဂလာ နှင့် ဒဂုံဧရာ အဝေးပြေးကားဝင်း နိုင်ငံတကာ အဆင့်မြှင့်တင်ရေး JICA ကူမည်

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတို့အား နိုင်ငံတကာ အဆင့်မှီ ယာဉ်ရပ်နားစခန်း အဖြစ်အဆင့်မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင် နှင့် JICA လမ်းပန်းပို့ဆောင်ရေးဌာန မှ ကိုမင်းမင်းက ပြောသည်။

ထိုအစီအစဉ်ကို JICA အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ ရန်ကုန်မြို့တော်စည်ပင် နှင့်ညှိနှိုင်းကာ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း အား နိုင်ငံတကာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အကြိုလေ့လာမှုများ ပြုလုပ်၍ ဒီဇိုင်းများ ရေးဆွဲခဲ့ပြီဖြစ်ကြောင်း ၊
ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခုနှစ်မှ သာ ဂျပန်နိုင်ငံမှ ပညာရှင်များ ဖြင့် လေ့လာ မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအဝေးပြေးယာဉ်ရပ် နား စခန်းနှစ်ခုလုံးအား ယခုနှစ်ကုန်မတိုင်မီ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၄င်း၏ ပြောကြားချက် အရသိရသည်။




0 comments:

Post a Comment