Wednesday, May 8, 2013

တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ၄၈ အထူးယာဉ်လိုင်းပြေးဆွဲတော့မည်

ရန်ကုန် မေ ၈

နိုင်ငံခြား ဘာသာတက္ကသိုလ်လမ်းအတိုင်း မထသ ၄၈အထူးယာဉ်လိုင်း မေ ဒုတိယပတ်အတွင်း စတင်တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မထသ ( ရန်ကုန်တိုင်းဒေသကြီး ) မှသိရသည်။

မထသ ( ရန်ကုန်တိုင်းဒေသကြီး ) မှ အတွင်းရေးမှူး ဦးတင်မောင်ဇော်က " ၄၈ အထူးယာဉ်တွေကို တက္ကသိုလ်ရိပ်သာလမ်း အတိုင်း ယာဉ်စီးခ ၂၀၀ ကျပ်နဲ့ လာမယ့် အပတ်ထဲမှာ ပြေးဆွဲသွားမည်" ဟု မေ ၈ ရက်တွင်ပြောသည်။

ယာဉ်စီးရေ ၂၂ စီး ဖြင့်ပြေးဆွဲပေးမည့် မထသ ၄၈ အထူးယာဉ်လိုင်း လမ်းကြောင်းများမှ လက်ဝဲရစ် ၁၁ စီးဖြင့် အင်းစိန် ၊ ရွာမ ( ဂိတ်ရင်း ) မှ ဘုရင့်နောင်လမ်း ၊ လှည်းတန်း ၊ ပြည်လမ်း ၊ ကမ်းနားလမ်း ၊ ဗိုလ်တထောင်ဘုရားလမ်း ၊ ကျိုက္ကဆံလမ်း ၊ ဆရာစံလမ်း ၊ ရန်ကင်းလမ်း ၊ ကမ္ဘာအေး ဘုရားလမ်း ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ အင်းစိန် (လှည်းတန်း) မှ ရွာမ ( ဂိတ်ရင်း ) အထိဖြစ်ကြောင်း ၊ လက်ယာရစ် ( ၁၁ )စီး အနေဖြင့် အင်းစိန် ( ရွာမ ) ဂိတ်ရင်းမှ ၊ ဘုရင့်နောင် လမ်း ၊လှိုင်မြစ်လမ်း ၊ အင်းစိန်လမ်း ( လှည်းတန်း ) ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ ရန်ကင်းလမ်း ၊ ကျိုက္ကဆံလမ်း ၊ သိမ်ဖြူလမ်း ၊ ကမ်းနားလမ်း ၊ ဗိုလ်တထောင်ဘုရားလမ်း ၊ ပြည်လမ်း ( မြေနီကုန်း ) ၊ အင်းစိန်လမ်း မှ ရွာမ ( ဂိတ်ရင်း )ထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မထသ ( ဗဟို )မှ သိရသည်။

ယခင်က နိုင်ငံခြားဘာသာ တက္ကသိုလ်ရိပ်သာလမ်းတွင် ဟိုင်းလပ် ၁၀၇ ( အနီ )နှင့် ၃ ( အဖြူ ) ယာဉ် စုစုပေါင်း ယာဉ်အစီးရေ ၃၄ စီးဖြင့် ပြေးဆွဲလျှက်ရှိပြီး ယာဉ်နှင့် ခရီးသည် မမျှတမှုကြောင့် ၁၀၅ မီနီဘတ်စ် ၅ စီးအား ထပ်မံပြေးဆွဲစေခဲ့ကြောင်း မထသ ( ဗဟို ) မှသိရသည်။

ထက်ထက်မိုးမြင့်

0 comments:

Post a Comment