Wednesday, May 8, 2013

ကီးဘုတ် ပါဝင်သော Apple iPad ထက် ပိုမိုကောင်းမွန်သည့် Surface Pro

Wednesday 8th May 2013

၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်သော Surface နှင့် Surface Pro tablets များသည် အားမလို အားမရ ဖြစ်လျှက်ရှိသော iPad အသုံးပြုသူများကို
ကယ်တင်ဖို့ ဖြစ်ကြောင်း Microsoft တွဲဖက် တည်ထောင်သူ Bill Gates ဆိုသည်။

မကြာသေးမီက CNBC သို့ ပြောကြားခဲ့ရာ ၄င်းက Microsoft သည် iPad-type device များ ကြီးစိုးလျှက်ရှိသော ဈေးကွက် ဝေစုကို ရရှိဖို့ Windows 8 နှင့်အတူ ကြိုးပမ်းလျှက် ရှိကြောင်း၊ အသုံးပြုသူ အများစုမှာ စိတ်ပျက်လက် ပျက် ဖြစ်နေကြကြောင်း ၊ ၄င်းတို့ စာရိုက်ရာတွင် အဆင်မပြေကြသည့် အတွက် documents များ ဖန်တီးရာတွင်လည်း အခက်တွေ့နေကြသည်ဟု ဆိုသည်။ ထို့ကြောင့် ကုမ္ပဏီ အနေဖြင့် အဆိုပါ ကွက်လပ်ကို ဖြည့်စွက်ထား ပေးသည့် အပြင် PC တစ်လုံး၏ စွမ်းဆောင်နိုင်မှုများထက် မနိမ့်ပါးစေရန် အားထုတ် ဆောင်ရွက်ထားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

0 comments:

Post a Comment