Wednesday, May 15, 2013

စံနှုန်းကိုက်ညီမှုမရှိသည့် CNG ဆလင်ဒါအိုးများ ဖျက်သိမ်းရမည်

သဘာဝဓာတ်ငွေ့(CNG)သုံး မော်တော်ယာဉ်များမှ CNG ဆလင်ဒါအိုးများကို သတ်မှတ်ချက်များ အတိုင်းစစ်ဆေးရမည်ဖြစ်ပြီး Hydrotest မအောင်မြင်သော CNG ဆလင်ဒါအိုးများကို ဖျက်သိမ်း မည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (M.O. G.E) မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ထုတ်ပြန်ကြေညာသည်။

"CNG အိုးတွေက အရမ်းအန္တရယ်များတယ်။ နည်းနည်းလေးစိမ့်ထွက်နေပြီး အပြင်က အပူတွေ ဘာတွေနဲ့ ထိမိမယ်ဆိုရင် ပေါက်ကွဲမှု မီးလောင်မှုတွေဖြစ်ပွားနိုင်တယ်။ ကြံ့ခိုင်မှုစစ်ဆေးပေးတာ ကောင်းပါ တယ်။ ဒါပေမယ့် လိုက်နာမှုမရှိတဲ့ ကားပိုင်ရှင်တွေကို တိကျတဲ့ အရေးယူမှုတွေ လုပ်ဖို့ တော့ လိုတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ TAXIယာဉ်မောင်းတစ်ဦးက ပြောသည်။

15 May, 2013

0 comments:

Post a Comment