Thursday, May 16, 2013

ဟာ့ဂ်ျခရီးစဉ် စီမံခန့်ခွဲခွင့် အစ္စလာမ်ဘာသာရေး ငါးဖွဲ့ကို လုပ်ကိုင်ခွင့်ပြု


ဟာ့ဂ်ျခရီးစဉ် စီမံခန့်ခွဲခွင့် အစ္စလာမ်ဘာသာရေး ငါးဖွဲ့ကို လုပ်ကိုင်ခွင့်ပြု
.................................................................................

ငွေကြေးလိမ်လည်မှုကြောင့် အစ္စလာမ် ဘာသာဝင် ဘုရားဖူး ခရီးသွားများအကြား နစ်နာမှုများ ရှိခဲ့၍လာမည့် ဟာ့ဂ်ျခရီးစဉ် စီမံခန့်ခွဲမှုကို အစ္စလာမ်ဘာသာရေးအဖွဲ့ ငါးဖွဲ့သို့ လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦဆန်းဆင့်က မေ ၁၄ ရက်နေ့တွင် ပြုလုပ်သော အဆိုပါခရီးစဉ် ညှိနှိုင်းရေး ခရီးစဉ်တွင် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၁ ပါ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခွင့်ရှိ သည့် ဘာသာရေး ဆောင်ရွက်ချက်များကို သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ဥပဒေ၊ နည်းဥပဒေများဖြင့် ကြပ်မတ် ထိန်းကျောင်းပေးရန် တာဝန်ရှိသည့် အတွက် ယင်းခရီးစဉ် စီမံခန့်ခွဲမှုကို လွှဲပြောင်း ပေးခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

ပြည်တွင်းရှိ အိုမာအစ္စလာမ် သာသနာ့ ပညာရှင်အဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေး ကောင်စီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်၊ မြန်မာ မွတ်ဆလင်လူငယ်များ ဘာသာရေးအဖွဲ့နှင့် မြန်မာမွတ်ဆလင် အမျိုးသားရေးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ် ရာသီမှ စ၍ အဆိုပါခရီးစဉ် တစ်ခုလုံးကို စီမံခန့်ခွဲမှု ပြုရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ခရီးစဉ် စီစဉ်သည့် ကုမ္ပဏီနှင့် ဘုရားဖူး များကြား ငွေကြေးကိစ္စ အရှုပ်အရှင်းများ ပြေလည်မှု မရှိသေးချိန်တွင် ဘာသာရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကြား ပိုမိုရှုပ်ထွေး စေကြောင်း ဟာ့ဂ်ျခရီးစဉ် လုပ်ပိုင်ခွင့်ပေးခြင်း နှင့်ပတ်သက်၍ အထွတ်အထိပ်ရလဒ် ခရီးသွား လုပ်ငန်းရှင် ဦးကျော်သိန်းက ပြောသည်။

ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်မှစ၍ မွတ်ဆလင်ဘာသာဝင် များ၏ ဟာ့ဂ်ျခရီးစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ဒေါင်းဇရပ်တစ်ဆောင် ဆောင်လုပ်ကာ အားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုရားဖူးခရီးသည် ၅၀၀၀ နီးပါး ပို့ဆောင်ပေးခဲ့သည်ဟု သာသနာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment