Thursday, May 16, 2013

မြန်မာ့လေကြောင်းလိုင်းမှဟဲဟိုးမှ မိုင်းဆတ်သို့ ပျံသန်းသော လေယာဉ် ပြေးလမ်းချော်



၀၁၃ခုနှစ် မေလ ၁၆ရက်နေ့၊ မနက် ၁၁နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းလိုင်းမှဟဲဟိုးမှ မိုင်းဆတ်သို့ ပျံသန်းသော ခရီးသည် (၅၀)ဦး တင်ဆောင်လာ သည့် မြန်မာ့လေကြောင်း ခရီးစဉ် MA-60 XYA IQ ခရီးစဉ် အမှတ် (၆၄၅)သည် မိုင်းဆတ် လေယာဉ် ကွင်းတွင် လေယာဉ် ပြေးလမ်း ချော်ခဲ့ပါသည်။ ၎င်းဖြစ်စဉ်တွင် ခရီးသည် (၂)ဦး ဒဏ်ရာရရှိခဲ့ပါသည်။

တပ်မတော်မှ လေယာဉ်ပေါ်တွင် ပါရှိသော ခရီးသည်များအား ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သည့် ခရီးသည် (၂)ဦးအား မိုင်းဆတ်မြို့ ရှိ တပ်မတော် ဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment