Monday, May 13, 2013

" သမီးငယ်လေး ဖူးဖူးကိုလှူဒါန်းမှုများပြုလုပ်နိုင်သော်လည်း ဓာတ်ပုံရိုက်ကူးမှု ခွင့်မပြုတော့ "

အသက် ၃ နှစ်အရွယ်သမီးငယ်လေးတစ်ဦးဖြစ်တဲ့ ဖူးဖူးက မိနစ် ၂၀ ကျော်ကြာ မီးလောင်ကျွမ်းမှုကိုခံစားခဲ့ရပြီး ရန်ကုန်မြို့အရိုးအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသည်မှာ
အချိန်အတော်ပင်ကြာမြင့်နေပြီဖြစ်သည်။ သမီးငယ်လေး ဖူးဖူးရဲ့ ကျန်းမာရေးအခြေအနေကို စာနာသနားကြသော ပြည်သူပြည်သားများနှင့် အနုပညာရှင်များစွာကကိုယ်တိုင်ကိုယ်ရောက်သွားရောက်လှူဒါန်းအားပေးမှုများကို ပြုလုပ်ပေးနေကြပြီး စိုင်းစိုင်း၊နန်းခင်ဇေယျာ စတဲ့အနုပညာရှင်များကလည်း သွားေ၇ာက်တွေ့ဆုံကြပြီး ဖူးဖူးက
မြင်ဖူးချင်သည်ဆိုသည့် မင်းသမီး မိုးယုစံကတော့ ယနေ့ မေလ ၁၃ ရက် နံနက် ၁၁ နာရီက သွားရောက်တွေ့ဆုံပြီး ငွေသား ၁၃ သိန်းနဲ့ အရုပ်များ၊မုန့်များကို သွားရောက်ဒါနပြုခဲ့သည်။

သမီးငယ်လေး ဖူးဖူးကိုလာေ၇ာက်ကြည့်ရှုသူများတာကြောင့် သမီးလေးရဲ့ကျန်းမာရေး အခြေအနေကိုငဲ့ကွက်သောအားဖြင့် ဓာတ်ပုံရိုက်ကူးမှုကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း သိရပြီး
လှူဒါန်းမှုများကိုတော့ ဆက်လက်ပြုလုပ်သွားနိုင်ကြောင်း သိရသည်။

လွင်လွင်ထွန်း
ဓာတ်ပုံ - စိုင်းစိုင်းဖေ့ဘုတ်

0 comments:

Post a Comment