Monday, May 13, 2013

မြိတ်မြို့၌ ရိုးမဘဏ် (မြိတ်) စတင်ဖွင့်လှစ်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ရိုးမဘဏ် (မြိတ်) မှ ဘဏ်လုပ်ငန်း များကို မေ ၇ ရက်မှ စတင်၍ လက်ခံ ဆောင်ရွက်ပေးလျက် ရှိပြီး ယမန်နေ့ နံနက် ၅ နာရီခွဲမှ ၁ဝ နာရီ အထိ ရိုးမဘဏ် (မြိတ်) ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့သည်။

ထို့နောက် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင် အုပ်ချုပ်ရေး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထား သောဧည့် သည်များသည် ဘဏ်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ကြပြီး ဘဏ်အတွင်း လုပ်ငန်း လည်ပတ်နေသူ များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဘဏ်၌ ငွေစုစာရင်း၊ စာရင်းရှင်စာရင်း၊ မေတ္တာလက်ဆောင် ချက်လက်မှတ်၊ ချေးငွေလုပ်ငန်း စသည့် ဘဏ်လုပ် ငန်းများကို လက်ခံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment