Monday, May 13, 2013

ချယ်လ်ဆီး၏ ဂိုးသွင်း စံချိန်သစ် ရယူနိုင်ခဲ့သည့်နောက် ပရိသတ်နှင့် အသင်းဖော်များကို လမ်းပတ် ကျေးဇူး စကားဆို

Monday, 13 May 2013 21:54

ချယ်လ်ဆီး အသင်းအတွက် ဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ယင်းအတွက် မိမိကို ထောက်ခံပံ့ပိုးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း ဖရန့်ခ်လမ်းပတ်က ထုတ်ဖော်ပြောကြားလိုက်သည်။


အက်စ်တန်ဗီလာကို (၂-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အင်္ဂလန် ဝါရင့် ကွင်းလယ် ကစားသမားသည် ကလပ်အသင်းအတွက် ၎င်း၏ (၂၀၂)ဂိုးနှင့် (၂၀၃)ဂိုးမြောက်တို့ကို သွင်းယူခဲ့သည်။ ထို့ကြောင့်လည်း ဂန္ထဝင် ကစားသမားဟောင်းကြီး ဘော်ဘီတမ်ဘလင်၏ ချယ်လ်ဆီးအတွက် သွင်းဂိုး အများဆုံး စံချိန်ဟောင်းကို ကျော်ဖြတ်ကာ စံချိန်သစ် စိုက်ထူနိုင်ခဲ့ပြီ ဖြစ်သည်။ အသက်(၃၄)နှစ် ရှိပြီဖြစ်သော လမ်းပတ်သည် ရာသီကုန်တွင် စတမ်းဖို့ဒ် ဘရစ်ဂ်ျ၌ စာချုပ်သက်တမ်း ပြီးဆုံးပြီ ဖြစ်ပြီး အသင်းက ၎င်းကို စာချုပ်သစ် ကမ်းလှမ်းမည် မဟုတ်ဟု ကြေညာထားသည်။



(၂၀၀၁)ခုနှစ် ကတည်းက စတင်ကာ ချယ်လ်ဆီးအတွက် ဂိုးများ သွင်းယူလာသည့် ကြယ်ပွင့်ဟောင်းကြီးအား ပရိသတ် အချို့က ဆက်လက် လိုလားနေဆဲဟု ထောက်ခံ အားပေးခဲ့ကြသည်။ လမ်းပတ်က "ခုစံချိန်ကတော့ အရာအားလုံးပါပဲ။ သိပ်ကို ဆန်းကျယ်ပါတယ်။ ကျွန်တော့် အသင်းဖော်တွေဆီက ပံ့ပိုးမှုတွေက ကျွန်တော့်အတွက် စံချိန်ကောင်းကို ဖြစ်တည်စေခဲ့တယ်။ အသင်းက လူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အားလုံးဟာ ကျွန်တော့်အတွက် တစ်ထောင့် တစ်နေရာက ကူညီခဲ့တာပဲ မဟုတ်လား။ ပြီးတော့ ပရိသတ်တွေပေါ့။ ကျွန်တော်နဲ့အတူ အကြာကြီး ရှိခဲ့ပေးတယ်။ စိတ်ပျက်စရာ ကာလတွေကို တူတူ ကျော်ဖြတ်ပေးခဲ့တယ်။ ဒါဟာ ကျေနပ်စရာပဲလေ"ဟု ပြောကြားခဲ့သည်။

ခုစံချိန်ကတော့ အရာအားလုံးပါပဲ။ သိပ်ကို ဆန်းကျယ်ပါတယ်။ ကျွန်တော့် အသင်းဖော်တွေဆီက ပံ့ပိုးမှုတွေက ကျွန်တော့်အတွက် စံချိန်ကောင်းကို ဖြစ်တည်စေခဲ့တယ်။ အသင်းက လူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အားလုံးဟာ ကျွန်တော့်အတွက် တစ်ထောင့် တစ်နေရာက ကူညီခဲ့တာပဲ မဟုတ်လား။ ပြီးတော့ ပရိသတ်တွေပေါ့။ ကျွန်တော်နဲ့အတူ အကြာကြီး ရှိခဲ့ပေးတယ်။ စိတ်ပျက်စရာ ကာလတွေကို တူတူ ကျော်ဖြတ်ပေးခဲ့တယ်။ ဒါဟာ ကျေနပ်စရာပဲလေ...
၎င်းက "တမ်ဘလင်ဟာ ထူးချွန်လွန်းသူ တစ်ယောက်ပါ။ သူနဲ့ နှိုင်းယှဉ် ခံရတာကို ကျေနပ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် သူနဲ့ စံချိန်တူတဲ့ ဂိုးမှာ ပျော်ရွှင်မိပေမယ့် သူ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ချိန်မှာ ကျွန်တော် အလွန်အကျွံ အောင်ပွဲမခံခဲ့ဘူး။ ဒါဟာ သူ့အပေါ် လေးစားလို့ပါ။ ဘာပဲဖြစ်ဖြစ် ခြုံပြီး ပြောရရင် ကျေနပ်ပါတယ်"ဟုလည်း ဆိုသည်။ လမ်းပတ်က "ကျွန်တော် ဒီမှာ အကြာကြီး ကစားခဲ့ပြီးပါပြီ။ အမေက လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ဆုံးသွားခဲ့တယ်။ သူဟာ ကျွန်တော့် ဘဝမှာ အကြီးမားဆုံး ထောက်ခံ အားပေးသူပါ။ ဒီမှာ သူ့ကို ရှိစေချင်တယ်"ဟုလည်း အမှတ်တရ ပြောဆိုသွားသည်။

0 comments:

Post a Comment