Monday, May 13, 2013

ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့

မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ)အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက်လက် တည်ရှိနိုင်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည်နယ် မိုးညှင်းမြို့တောင်ဘက်သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
13 May 2013 0600Z
Location: 11.8 86.4
Winds: 50 knots
Central Pressure: 985 hPa

0 comments:

Post a Comment