Tuesday, May 7, 2013

နွေရာသီဈေးကွက်တွင် အသင်းအင်အားဖြည့်တင်းမည်ဟု ရော့ဂျာ ပြောကြား

အဲဗာတန်ကို ဂိုးမရှိ သရေကျခဲ့သော ပွဲစဉ်အပြီးတွင် မြောက်အိုင်ယာလန်သား မန်နေဂျာက အသင်းအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် ကစားသမားသစ် တစ်ဦး၊ နှစ်ဦးမျှကို ဖြည့်တင်းသွားမည်ဟု ဆိုသည်။
 
နွေရာသီဈေးကွက်တွင် အသင်းအင်အားဖြည့်တင်းမည်ဟု ရော့ဂျာ ပြောကြား
လီဗာပူးလ် အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာက မိမိတို့ အနေဖြင့် နွေရာသီ ဈေးကွက် ကာလတွင် အသင်းအင်အားကို ဖြည့်တင်းနိုင်အောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဲဗာတန်ကို ဂိုးမရှိ သရေကျခဲ့သော ပွဲစဉ်အပြီးတွင် မြောက်အိုင်ယာလန်သား မန်နေဂျာက အသင်းအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် ကစားသမားသစ် တစ်ဦး၊ နှစ်ဦးမျှကို ဖြည့်တင်းသွားမည်ဟု ဆိုသည်။

လီဗာပူးလ်သည် ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် လက်လျှော့လိုက်ရသည့်နောက် ရော့ဂျာက အသင်းတွင် ဖြေရှင်းစရာ ပြဿနာ အချို့ ရှိနေဆဲဟုလည်း ဝန်ခံခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ ပွဲစဉ်ရလဒ်တွေကို အပြောင်းအလဲ ဖြစ်စေနိုင်မယ့် ကစားသမားသစ် တစ်ယောက်၊ နှစ်ယောက်လောက်ကို ခေါ်နိုင်အောင်တော့ လုပ်ဆောင်ရလိမ့်မယ်"ဟု ရော့ဂျာက ဆိုသည်။

၎င်းက "ဒီရာသီ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ Clean-Sheet (၁၅)ပွဲ ရခဲ့တယ်။ ကျွန်တော်တို့ ခံစစ်ကောင်းသလို တိုက်စစ်ကလည်း အရှိန်တက်လာဖို့ လိုပါတယ်။ ပြောရရင် လီဗာပူးလ်ဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေသေးဘူးလေ။ အသင်းဟာ ပိုပြီး တိုက်ပွဲဝင်စိတ် နိုးကြွနေအောင် ကြိုးစားသင့်တယ်။ ပြီးတော့ ပြိုင်ဘက်တွေကို ရလဒ်ပိုင်း ပြတ်သားအောင် ကစားဖို့လည်း လိုပါတယ်။ နောက်တစ်ချက်က ဒီရာသီ ဖြတ်သန်းမှုကို ပြန်ကြည့်ရင် လီဗာပူးလ်အတွက် သရေပွဲတွေ များလွန်းတယ်။ ဒါကလည်း ကျွန်တော်တို့ အလေးထား ပြောင်းလဲရမယ့် ကိစ္စတစ်ခုပဲ"ဟု မှတ်ချက်ပြုသွားသည်။

0 comments:

Post a Comment