မြန်မာနိုင်ငံတွင်
လိုအပ်ချက်အရ လက်ရှိ မီးသတ်အင်အားထက် လေးဆခန့် အမြန်ဆုံး တိုးချဲ့ရန်
လိုအပ်နေ၍ မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲနေကြောင်း ရန်ကုန်တိုင်း
မီးသတ်ဦးစီးမှူး ရဲဗလ ဦးကြည်ဝင်း က ပြောသည်။
“လက်ရှိ မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်အင်အား ၇,၀၀၀ ကျော် ရှိရမယ်။ လက်ရှိ အင်အား ၄,၀၀၀
ကျော်ပဲ ရှိတယ်။ ထပ်တိုးမယ်ဆိုရင် လေးဆလောက် တိုးလာမယ်။ ဝန်ကြီှးဌာနကို ခွင့်ပြုချက် တင်ရမယ်။ ဖွဲ့စည်းပုံ တင်ဖို့ ဆွဲနေပါတယ်။ ဒီနှစ်ထဲမှာပဲ အင်အားတိုးချဲ့ဖို့တော့ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
မီးသတ်ကား တစီးတွင် မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး အနည်းဆုံး လိုက်ပါရမည်ဖြစ်ကာ တချို့မှာ လိုက်ပါမှုအင်အား နည်းနေသေးကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့လယ် ၃၁ မြို့နယ်တွင် မီးသတ်ယာဉ် ၇၀ ကျော် ရှိပြီး တတိုင်းလုံးတွင် ၁၁၃ စီး ရှိကာ သန္ဓေမီးသတ်နှင့် အရန်မီးသတ် ပေါင်းလျှင် အင်အား ၅၀၀ ကျော်ရှိကြောင်း သိရသည်။
နိုင်ငံတဝှန်းလုံးတွင် မီးသတ်စခန်း ၂၀၀ ကျော် ရှိပြီး မီးသတ်ယာဉ် ၁,၄၀၀ ကျော် ရှိသည်။
၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ မီးသတ်ယာဉ် အစီး ၁၀၀ ခန့် ဝယ်ယူထားပြီး ဂျပန်မှလည်း လှူဒါန်းမှူးများ ရှိခဲ့သည်။ နောက်ထပ်လည်း မီးသတ်ယာဉ်များ ဖြည့်စွက်မည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ်က တနိုင်ငံလုံးတွင် မီးလောင်မှု ၁,၂၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်းပေါင်း ၁၀,၇၀၁ ကျော် ရှိခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment