Thursday, May 2, 2013

ကြည်လင်း၊ ကိုနေးတို့၏ ဂိုးများဖြင့် ဆန်ဟေး အသင်းကို ရန်ကုန်ယူနိုက်တက် အနိုင်ရ

၂၀၁၃ အေအက်ဖ်စီ ပြိုင်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ် ကို ရန်ကုန် မြို့ သုဝဏ္ဏ အားကစား ကွင်းတွင် မေလ ၁ ရက်နေ့ ညနေ ပိုင်းက ယှဉ် ပြိုင် ကစားခဲ့ ရာ ရန်ကုန် ယူနိုက်တက် အသင်းက ဟောင်ကောင် ကလပ် ဆန်ဟေး အသင်းကို ၂-၀ ဖြင့် အနိုင်ရ ကာ ၁၆ သင်း အဆင့်ကို အုပ်စု ဒုတိယ အဖြစ် တက်ရောက် သွားပြီ ဖြစ်သည်။ ရန်ကုန် အသင်း အတွက် ကြည်လင်း နှင့် ကိုနေး တို့က ဂိုးများ သွင်းယူ ခဲ့ခြင်း ဖြစ်ပြီး ကိုနေးမှာ ၄င်း၏ အေအက်ဖ်စီ ပြိုင်ပွဲတွင် န၀မ ဂိုးမြောက် သွင်း ယူနိုင်ခဲ့ ခြင်းဖြစ် သည်။

အုပ်စု ပွဲ ၆ ပွဲကစား ခဲ့ရာ ရန်ကုန် အသင်းက ၅ ပွဲ အနိုင်ရ ပြီး ၁ ပွဲ ရှုံး နိမ့် ခဲ့သဖြင့် ရမှတ် ၁၅ မှတ်၊ ရဂိုး ၁၈ ဂိုး နှင့် ပေးဂိုး ၅ ဂိုး ရှိခဲ့ သည်။ ပြိုင်ဘက် နယူး ရေးဒီး ယန့် အသင်းမှာ ရန်ကုန် အသင်း နှင့် ရမှတ် တူသော် လည်း သွင်းဂိုး ၂၀ ဂိုးနှင့် ပေးဂိုး ၄ ဂိုး သာ ရှိသော ကြောင့် ရန်ကုန် အသင်း ထက် ဂိုးကွာ ဟ ချက် ပိုကောင်း ကာ အုပ်စု ပထမ နေရာ ရခဲ့ ခြင်း ဖြစ်သည်။

အုပ်စု ပထမ နေရာ အတွက် မော်လ်ဒိုက် ကလပ် နယူးရေး ဒီးယန့် အသင်း နှင့် ယှဉ်ပြိုင် ရမည် ဖြစ်ရာ ရန်ကုန် အသင်း သည် ရာဇာဝင်းသိန်း မှ အပ အဓိက ကစား သမား အများ အပြား နှင့် ပွဲထွက် ခဲ့သည်။ ရာဇာဝင်းသိန်း နေရာ တွင် တောင်ပံ ကစား သမား အောင်မိုး က အစား ထိုး ၀င်ရောက် ကစားခဲ့ ပြီး ရန်အောင်ကျော် က အသင်း ခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့သည်။ ပြိုင်ဘက် ဆန်ဟေး အသင်းမှာ လူငယ် ကစား သမား ၅ ဦး ခန့်နှင့် ပထမ ပွဲထွက် ကစား သမား များကို အချိုး ကျရောစပ် ကာ အိမ်ရှင် ရန်ကုန် အသင်းကို ရင်ဆိုင် ခဲ့ခြင်း ဖြစ်သည်။

ကြည်လင်း၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း၊ ရန်အောင်ကျော် တို့၏ အားဖြင့် ပွဲစက တည်းက ရန်ကုန် အသင်း ထိုးဖောက် ဂိုးသွင်းခွင့် များ ရခဲ့သည်။ သို့သော် ရန်ကုန် တိုက်စစ်မှူး များ၏ အဆုံး သတ် ပိုင်း အားနည်း ခြင်း ကြောင့် ပထမ ပိုင်းတွင် ဂိုးမသွင်း နိုင်ခဲ့ချေ။ ရန်ကုန် အသင်း သည် ပထမပိုင်း တစ်ပိုင်းတည်း တွင် အပိုင် ဂိုးသွင်းခွင့် ၄ ကြိမ် ရပြီး ဆန်ဟေး အသင်းက ၁ ကြိမ်သာ ရခဲ့သည်။

ပထမပိုင်းတွင် ရန်ကုန် အသင်း နောက်ခံလူ ဂနိုစီယန် အ၀ါကတ် ပြ သတိပေး ခံရသဖြင့် ၄င်း ကစား သမား မှာ ၁၆ သင်း အဆင့် ပွဲစဉ်ကို လွဲချော်သွား ပြီဖြစ်သည်။ အခြား ဗဟိုနောက် ခံလူ တစ်ဦးကို ထပ်မံ မဆုံးရှုံး လိုသော ကြောင့် ယခင်ပွဲများ တွင် တစ်ဝါ ထိထားသည့် ဆီဗက်ကော့စကီး ကို အ၀ါ ပြခံထား ရခြင်း မရှိသော အောင်သိုက် နှင့် ဒုတိယပိုင်း အစ တွင် လူစား လဲခဲ့သည်။

ရန်ကုန် အသင်း ဂိုးရရန် အခွင့် အလမ်းများ ပိုကောင်း လာခဲ့ပြီး ကြည်လင်း၊ ကိုနေး၊ ဆီဇာ တိုက်စစ် အတွဲ ဖြင့် ဂိုးရလု နီးပါး ဖြစ်လာ ခဲ့သည်။ ၆၂ မိနစ်တွင် ရန်ကုန် ညာနောက် ခံလူ ဒေးဗစ်ထန်း နှာနု ရိုး ဒဏ်ရာ ရရှိသွား သော ကြောင့် သက်လွင်ဝင်း ၀င်ရောက် ကစားခဲ့သည်။ ဒေးဗစ်ထန်း ၏ ဒဏ်ရာမှာ ပြင်းထန် ခြင်း မရှိ သောကြောင့် ဆေးရုံ တွင် ကု သမှု ခံယူပြီး အိမ်ပြန် ခွင့် ရခဲ့သည်ဟု သိရသည်။ ၆၄ မိနစ်တွင် ဆန်ဟေး အသင်း၏ တိုက်စစ်မှူး ဘယ်ရီ ထိုးဖောက် လာသည်ကို ရန်ကုန် ဂိုးသမား နိုင်ဇေယျာထွန်း အံ့သြဖွယ် လက်စွမ်းပြ ကာကွယ်နိုင် ခဲ့သည်။

၆၉ မိနစ်တွင် ကြည်လင်း ဂိုးဧရိယာ ထိပ်မှ အမြင့် ဘော ကန်သွင်း ပြီး ရန်ကုန် အသင်း အတွက် အဖွင့် ဂိုး ရယူ ပေးခဲ့သည်။ ထိုဂိုးမှာ ကြည်လင်း၏ ယခုရာသီ အတွက် ပထမဆုံး ဂိုးဖြစ်သည်။

ဂိုးရပြီး နောက် ရန်ကုန် အသင်း ကစား ကွက်ပို ကောင်းလာ ပြီး ၈၁ မိနစ်တွင် ဘယ်နောက် ခံလူ ဇာနည်ထက် အကောင်းဆုံး ဖန်တီး ပေးသည်ကို ကိုနေးက ပင်နယ်တီ ဧရိယာ အထဲတွင် အနီးကပ် ကန်သွင်း ကာ ရန်ကုန် အသင်း အတွက် ဒုတိယ ဂိုး ရယူ ခဲ့သည်။ ထိုဂိုးမှာ ၄င်း၏ အေအက်ဖ်စီ ပြိုင်ပွဲတွင် သွင်းယူသော ၉ ဂိုးမြောက် ဂိုး ဖြစ်သည်။

ရန်ကုန်က ၂-၀ ဖြင့် အနိုင်ရ ခဲ့သော်လည်း ပြိုင်ဘက် နယူးရေး ဒီးယန့် အသင်းမှာ ပါစီဘိုကို ၆-၁ ဖြင့် နိုင် သောကြောင့် ဂိုးကွာခြား ချက် အသာဖြင့် နယူး ရေးဒီးယန့် အသင်းမှာ အုပ်စု ပထမ ဖြစ်သွား ပြီ ဖြစ်သည်။ ရန်ကုန် အသင်းသည် ၁၆ သင်း အဆင့်တွင် အိန္ဒိယ ကလပ် အသင်း အရှေ့ ဘန်ဂေါ နှင့် လာမည့် မေလ ၁၅ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ၌ သွားရောက် ရင်ဆိုင် ရမည် ဖြစ်သည်။

Ref : Yangon United Football Club

0 comments:

Post a Comment