Thursday, May 2, 2013

ရန်ကုန်ယူနိုက်တက် Vs ဆန်ဟေးအသင်း ပွဲစဉ် တိုက်ရိုက်သတင်းတင်ဆက်မှု

မေလ ၁ ရက်နေ့ ညနေ ၅း၃၀ နာရီ မှာ ရန်ကုန် မြို့ သုဝဏ္ဏ အား ကစား ကွင်းမှာ ကစားမယ့် ရန်ကုန် ယူနိုက်တက် - ဆန်ဟေး အသင်းတို့ ရဲ့ AFC Cup ပြိုင်ပွဲကို ရန်ကုန် အသင်းရဲ့ တရားဝင် ၀က်ဘ်ဆိုက် www.ygnutd.com နဲ့ အသင်းရဲ့ facebook တို့ကနေ တိုက်ရိုက် တင်ဆက်သွား မှာ ဖြစ်ပါတယ်။ ပရိသတ် တွေ အနေနဲ့ F5 သော်လည်း ကောင်း Reload သော်လည်း ကောင်း နှိပ်ပြီး ကြည့်ရှု အားပေး နိုင်ပါတယ်။

ဒီပွဲဟာ ၁၆ သင်း အဆင့် ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်တဲ့ ရန်ကုန် အသင်း အတွက် တော့ အုပ်စု ပထမ နေရာ ရရေး အတွက် အရေးကြီး နေပါတယ်။ ၁၆ သင်းအဆင့်မှာ တစ်ကျော့သာ ကစားရမှာ ဖြစ်ပြီး အုပ်စု ဗိုလ်ရတဲ့ အသင်းက အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အုပ်စု ဒုတိယ အသင်းက တော့ အဝေးကွင်း အဖြစ် သွားကစား ရမှပါ။ ဒါကြောင့် ရန်ကုန် အသင်းသာ အုပ်စု ဗိုလ်ဖြစ်ခဲ့ မယ်ဆိုရင် မလေးရှား ကလပ် ဆီလန်ဂေါကို အိမ်ကွင်းမှာ ဧည့်ခံရ မှာ ဖြစ်ပြီး အုပ်စု ဒုတိယ သာ ဖြစ်ခဲ့မယ် ဆိုရင်တော့ အရှေ့ ဘန်ဂေါ အသင်းရှိရာ အိန္ဒိယ ကို သွားရောက် ကစား မှာပါ။

ရန်ကုန် အသင်းဟာ ဟောင်ကောင် ကလပ် ဆန်ဟေး အသင်းကို ဧည့်ခံ ကစား နေချိန်မှာ မော်လ်ဒိုက် ကလပ် နယူး ရေးဒီးယန့် အသင်းက လည်း အင်ဒိုနီးရှား ကလပ် ပါစီဘို အသင်းကို မော်လ်ဒိုက် မြေမှာ ဧည့်ခံ ကစားမှာပါ။ အခု အချိန်မှာ ရန်ကုန် အသင်းနဲ့ နယူးရေး ဒီးယန့် အသင်းတို့ ဟာ ရမှတ် တူနေပြီး ရန်ကုန် အသင်းက ဂိုးကွာခြား ချက်နဲ့ အုပ်စု ပထမ နေရာ ရနေ ပါတယ်။ ပထမ အကျော့ အဖြစ် ရန်ကုန် အသင်း နဲ့ ဆန်ဟေး တို့ ဟောင်ကောင် မြေမှာ ကစားခဲ့ စဉ်က ဧည့်သည် ရန်ကုန် အသင်းက ၁-၃ နဲ့ အနိုင် ရခဲ့ ပါတယ်။ ရန်ကုန် အသင်း အတွက် ဂိုးတွေ ကို ကိုနေး၊ ဆီဇာ နဲ့ အောင်မိုး တို့က သွင်းယူ ပေးခဲ့ တာပါ။ လက်ရှိ အချိန်မှာ ရန်ကုန် အသင်းရဲ့ အိုင်ဗရီ ကို့စ် တိုက်စစ်မှူး ကိုနေးဟာ အုပ်စုပွဲ ၅ ပွဲမှာ ၈ ဂိုးသွင်း ထားပြီး ဒီနှစ် အေအက်ဖ်စီ ပြိုင်ပွဲမှာ ဂိုးအများ ဆုံး သွင်းသူ ဖြစ် နေပါတယ်။

မကြာခင် အချိန် အတွင်းမှာ အသင်း နှစ်သင်း ရဲ့ လူစာရင်းတွေကို ကြေညာ သွားမှာ ဖြစ်ပါတယ်။

Ref : Yangon United Football Club

0 comments:

Post a Comment