Thursday, May 2, 2013

ဥက္ကံမြို့ အဓိကရုဏ်းမှာ ပါဝင်တယ်လို့ ယူဆရသူ စုစုပေါင်း ၁၈ ဦးကို ထိန်းသိမ်းထား

ဥက္ကံမြို့ အဓိကရုဏ်းမှာ ပါဝင်တယ်လို့ ယူဆရသူ စုစုပေါင်း ၁၈ ဦးကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ကြေညာပါတယ်။ ဥက္ကံမြို့မှ (၃)ဦး၊ ပနီပင်ကျေးရွာမှ (၁၅)ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့က "စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်"ဟု ရဲတပ်ဖွဲ့ Facebook မှာ ရေးထားပါတယ်။ မနေ့တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ ဗလီ၊ လူနေအိမ်၊ ဈေးဆိုင်ခန်း အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ irrawaddy — ဥက္ကံမြို့အတွင်း မီးရှို့ဖျက်ဆီးမှု နှင့် အဖမ်းအဆီး (5 photos)


0 comments:

Post a Comment