Wednesday, May 15, 2013

ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ် မူလတန်း ဆရာ အတတ်သင် ဝင်ခွင့် စာမေးပွဲ ဖြေဆို


ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ် မူလတန်း ဆရာ အတတ်သင် ဝင်ခွင့် စာမေးပွဲ ဖြေဆို

ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ် မူလတန်း ဆရာအတတ် သင်အမှတ်စဉ် (၄၅)သုံးနှစ် သင်တန်း ဝင်ခွင့် စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပရာ အခြေခံပညာ အဋ္ဌမတန်း အောင်မြင် ပြီးသူ ကျောင်းသား၊ ကျောင်းသူငါးဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

အဆိုပါ စာမေးပွဲကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးစံရွှေမောင်နှင့် ဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်ကြကာ စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများက အဋ္ဌမတန်း အဆင့် မြန်မာ စာကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ အင်္ဂလိပ် စာကို မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိလည်းကောင်း ဖြေဆိုကြပြီး ဆက်လက်၍ အထွေထွေ ဗဟုသုတ ဘာသာရပ်ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဖြေဆိုကြရမည် ဖြစ်သည်။

၎င်းစာမေးပွဲ များတွင် သတ်မှတ် အရည်အချင်း များဖြင့် အောင်မြင်ပါက စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ် မူလတန်း ဆရာအတတ်သင် အမှတ်စဉ် (၄၅) သုံးနှစ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment