အိန္ဒိယမှ အ၀ယ်နည်း၍ ပဲမျိုးစုံဈေးပြန်ကျ
ငွေလဲလှယ်နှုန်း များ မြင့်တက် လာသော်လည်း အိန္ဒိယဒိုင်မှ အ၀ယ်လျော့ချ လိုက်သဖြင့် မြန်မာပြည်တွင်း ဈေးကွက်တွင် ပဲမျိုးစုံ ဈေးနှုန်း ပြန်လည် ကျဆင်း လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ ၊ နှမ်းမျိုးစုံ ကုန်သည်များ အသင်းမှ သိရသည်။ အ၀ယ်နည်းပြီး ဈေးလျာ့ချ ထားသောကြောင့် ငွေဈေးတက် သော်လည်း ပြည်တွင်းဈေး သက်ရောက်မှု မရှိကြောင်း ၊ အိန္ဒိယ အစိုးရ၏ မိုးလေ၀သ ဌာနက မုတ်သုန် ၀င်ရောက်မှု ပုံမှန် အခြေအနေ ရှိမည်ဟု ကြေညာ ထားကြောင်း ၊ ထို့အတွက် ပဲမျိုးစုံ တင်သွင်းမှု ကို လျော့ချ ထားခြင်း ဖြစ်ကြောင်း ၊ မူလက မြန်မာပြည် တွင် ပဲအထွက်လျော့နည်း နိုင်သည့်အတွက် စိုးရိမ်စိတ် ဖြင့် အိန္ဒိယ ဒိုင်မှ လုပ်ငန်းရှင် များက တင်သွင်း ကြတာ ဖြစ်ကြောင်း ၊ အပြိုင်အဆိုင် တင်သွင်း ကြသည့် အတွက် မြန်မာနိုင်ငံ တွင် ပြည်တွင်း ပဲဈေးမှာ မြင့်တက် လာခြင်း ဖြစ်ကြောင်း ၊ ပဲမျိုးစုံ နှင့် နှမ်းကုန်သည် အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောကြား ခဲ့သည်။ ပြည်ပ ၀ယ်ယူမှု အားနည်းခြင်း ကြောင့် ပဲမျိုးစုံ တန်တစ်ရာ ကို ကျပ်ငွေ ၁၀ သိန်း ဈေးကျ ခဲ့ကြောင်း ၊ ပြည်တွင်း ပဲတင်ပို့မှု လုပ်ငန်းရှင် တစ်ဦးက ပြောကြား ခဲ့သည်။ ရာသီဥတု ပုံမှန်ရှိပြီး မိုးရွာပါက လက်ရှိ ပဲမျိုးစုံမှာ ထပ်မံ ဈေးတက်နိုင်ခြေ နည်းပါး နိုင်ကြောင်း သိရှိရသည်။

0 comments:
Post a Comment