တရုတ်နိုင်ငံ CCPIT Sichuan မှ ဒုတိယဥက္ကဋ္ဌ Mr. Zhu Xiaojin ဦးဆောင်မှုဖြင့် တရုတ်ကုမ္ပဏီ ၄ဝ မှ တရုတ် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် မြန် မာနိုင်ငံသို့ လာရောက်ကြမည် ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် စားသောက် ကုန်ထုတ်လုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ ဆောက်လုပ်ရေးသုံး စက်ပစ္စည်းလုပ်ငန်း၊ ဖိအားသုံး စက်ပစ္စည်းလုပ်ငန်း၊ သင်္ဘော လုပ်ငန်းနှင့် စက်မှု အပိုပစ္စည်း လုပ်ငန်း၊ မီးအားပေးစက် လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် ဝါယာကြိုး ခွေထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ သားငါးမွေးမြူရေး လုပ်ငန်း၊ အအေးခန်း သိုလှောင်ရေး လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်း၊ ကော်ဇောထုတ်လုပ်သည့် လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ပိုးထည် လုပ်ငန်း၊ သေတ္တာနှင့် သော့လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း၊ စုပ်စက်အမျိုးမျိုး လုပ်ငန်း အစရှိသော လုပ်ငန်းများကို မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲကို မေ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ Traders Hotel ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment