Thursday, May 23, 2013
တရုတ် တိုင်ပေ၊ Xinbei မြို့အနီးမှာ တည်ဆောက်လျက်ရှိတဲ့ နျူကလီးယားစက်ရုံ စီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူထောင်ပေါင်းများစွာက
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါတယ်။ ၂၀၁၁ခုနှစ် မတ်လက ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံ မတော်တဆမှု ဖြစ်ပွားခဲ့ပြီးချိန်ကစပြီး တရုတ် တိုင်ပေမှ ပြည်သူတွေအနေနဲ့ နျူကလီးယားစက်ရုံနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
ဆန္ဒပြပွဲအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် ပြည်သူ ၃၀၀၀ ခန့်က နျူကလီးယားစက်ရုံ အလိုမရှိဆိုပြီး အော်ဟစ်ဆန်္ဒပြခဲ့ကြ ပါတယ်။ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက သူမအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားခြင်း မရှိသလို ပါဝင်ခဲ့ဖူးခြင်း မရှိကြောင်း၊ ဒါပေမယ့် ဒီတစ်ခါ လှုပ်ရှားမှုမှာတော့ သူမ ကလေးရဲ့ အနာဂါတ်အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ် တိုင်ပေ မှာ လက်ရှိ တည်ဆောက်နေတဲ့ နျူုကလီးယားစက်ရုံ စီမံကိန်းအတွက် ဓါတ်ပေါင်းဖိုနဲ့ အခြားလိုအပ်တဲ့ အဓိက အစိတ်အပိုင်းတွေကို ဂျပန်နိုင်ငံက ထောက်ပံ့ကူညီပေးခဲ့တာ ဖြစ်ပါတယ်။
တရုတ်(တိုင်ပေ) မှာ နျူကလီးယားစက်ရုံ စီမံကိန်းတွေ တိုးမြှင့်ဆောင်ရွက်နေတာကြောင့် စီမံကိန်းလုပ်ငန်းတွေ ဖျက်သိမ်းလိုက်ရပါက နစ်နာဆုံးရှုံးမှုတွေ များပြားနိုင်တာကြောင့် ယခုနှစ်အဆုံးပိုင်းမှာ နျူကလီးယား စွမ်းအင်စက်ရုံနဲ့ ပတ်သက်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြုလုပ်သွားဖို့ အာဏာပိုင်တွေက စီစဉ်နေပါတယ်။ ရုပ်သံဌာနတစ်ခုမှ နောက်ဆုံးဖော်ပြလိုက်တဲ့ လူထု သဘောထား စစ်တမ်းအရ နျူကလီးယား စွမ်းအင်အပေါ် ဆန့်ကျင်သူ ၇၀ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

0 comments:
Post a Comment