Monday, May 20, 2013

ကျေးဇူးတင်ပါတယ် ဘုရားသခင်

ကျေးဇူးတင်ပါတယ် ဘုရားသခင်


ညက မှောင်မှောင်၊ တောနက်ကြီးထဲမှာ မုဆိုးတစ်ယောက်ဟာ ၀က်ဝံ အကြီးကြီးတစ်ကောင်ကို လိုက်နေပါသတဲ့။ မုဆိုးဟာ ၀က်ဝံကို သေနတ်နဲ့ ပစ်ချလိုက်တယ်… သို့ပေမယ့် လွဲသွားခဲ့တယ်။ ခုတော့ ပြေးနေရသူဟာ ၀က်ဝံမဟုတ်တော့ပဲ… မုဆိုးဟာ ၀က်ဝံရဲ့ လိုက်ခြင်းကို ခံရတော့တယ်။

မုဆိုးဟာ သူပြေးနိုင်သလောက်မြန်မြန်ပြေးတယ်၊ နောက်ဆုံးမှာတော့ မတ်စောက်လှတဲ့ တောင်စွန်းကို ရောက်လာပါသတဲ့။ ၀က်ဝံကလည်း နီးသထက်နီးလာပြီ။
နောက်ဆုံးမှာ မုဆိုးဟာ ဒူးထောက်လိုက်ပါတယ်။ ပြီးတော့ လက်နှစ်ဖက်ကို ယှက်ကာ ဘုရားသခင်ထံကို ဆုတောင်းပါတော့တယ်…. “အို.. ဘုရားသခင်… ဒီဝက်ဝံကို ယဉ်ကျေးလာအောင် ဘာသာရေး ကိုးကွယ်လာအောင် ဖန်ဆင်းပေးတော်မူပါ”

ရုတ်တရက် မိုးကြိုးတွေ ထစ်ချုန်းပစ်လာတယ်… ကောင်းကင်ကြီးအထက်ကနေ အလင်းရောင်တန်းကြီးဟာ မုဆိုးရှေ့နားက ၀က်ဝံကြီးပေါ်ကို ထိုးကျလာသတဲ့။ ၀က်ဝံကြီးလည်း ပြေးလာရာကနေ ရုတ်တရက် ရပ်သွားသတဲ့။ ပြီးတော့ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်နဲ့ ဟိုကြည့် ဒီကြည့်ကြည့်နေတယ်… နောက်တော့ မုဆိုးကိုမြင်တော့….

“အို.. ဘုရားသခင်…. ခုလိုမျိုး ကျွန်တော်အတွက် အစားအစာ ဖန်ဆင်းပေးတော်မူတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ၀က်ဝံကြီးက ပြောလေသတဲ့။

Shwe Eaim Si

0 comments:

Post a Comment