ဘရာဇီး နိုင်ငံတွင် အမျိုးသမီး တစ်ဦး၏ အာခံတွင်း အတွင်း မှိန်းတစ်ခု ထိုးဖောက် ဝင်သွားခဲ့သော်လည်း အသက် ရှင်လျက်ရှိ
ရီယိုဒီဂျနေးရိုး မေ ၁၁
ဘရာဇီး နိုင်ငံတွင် အမျိုးသမီးငယ် တစ်ဦး၏ အာခံတွင်း အတွင်းသို့ မှိန်းတစ်ချောင်း မတော်တဆ ထိုးမိခဲ့ပြီး သူမ၏ လည်တိုင် နောက်ကျောဘက်ထိ ထုတ် ချင်းဖောက် ဝင်သွားခဲ့ကြောင်း၊
သို့သော် သူမသည် အသက်ရှင်လျက် ရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်ဟု သိရသည်။ ဖြစ်ပွားပုံမှာ အဲလီဆန်ဂျလာ ဘော်ဘိုရီမာရိုဆာ အမည်ရှိ အဆိုပါ အမျိုးသမီးငယ်၏ ခင်ပွန်းဖြစ်သူသည် ရေအောက် ငါးဖမ်းရာတွင် အသုံးပြုသည့် ကိရိယာ တစ်ခုကို ဆေးကြော သန့်စင်နေစဉ် ၎င်းကိရိယာတွင် တပ်ဆင်ထားသော မှိန်းသည် သူမအား မတော်တဆ ထိမှန် သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မှိန်းသည် သူမ၏ အာခံတွင်း အတွင်းသို့ ထိုးမိခဲ့ရာ သွားနှစ်ချောင်း ကျိုး၍ လည်တိုင်ထိပ်မှ ကျောရိုးမကြီး တစ်လျှောက်ကို ထုတ်ချင်းဖောက် ဝင်သွားခဲ့ခြင်း ဖြစ်ကြောင်း သူမအား ၂ နာရီကြာ ခွဲစိတ် ကုသပေးခဲ့သည့် ခွဲစိတ် အထူးကု ဆရာဝန် မာစီလိုအမာရယ်လ် က ပြောကြားခဲ့သည်။ ထို့နောက် သူမ အား ရီယိုဒီဂျနေးရိုး ပြည်နယ် အရာရူ အမာမြို့ရှိ ဒေသန္တရ ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး အရေးပေါ် ခွဲစိတ် ကုသမှု လုပ်ဆောင်ခဲ့သည်။
မှိန်းထိုးဖောက် ဝင်ရောက်ခဲ့သည့် နေရာတွင် ပင်မ သွေးလွှတ်ကြောကြီး ရှိနေသည့် အတွက်ကြောင့် ၎င်းမှိန်းကို ဖယ်ရှားနိုင်ရန် ခက်ခဲစွာ ကြိုးပမ်း ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
၎င်းမှိန်းသည် လည်တိုင်၏ ညာ သို့မဟုတ် ဘယ်ဘက်သို့ အနည်းငယ် ကပ်၍သာ ထိမှန် ခဲ့ပါက သူမသည် အကြောသေခြင်း သို့မဟုတ် အသက် သေဆုံးနိုင်ဖွယ် ရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ ယခုအချိန်တွင် သူမသည် အစားအစာနှင့် ရေများကိုစတင် စားသောက်နိုင်ပြီဖြစ်သော်လည်း စကားပြော နိုင်ခြင်း မရှိသေးပေ။ ၎င်းပြင်သူမ၏ ခင်ပွန်းကိုလည်း သူမအား သေစေရန် ကြံစည်သူ အဖြစ် သံသယ မရှိခဲ့ဘဲ မတော်တဆမှု တစ်ခုအဖြစ်သာ ယုံကြည်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
0 comments:
Post a Comment